(3) 🚨

4.9K 18 1
                                    

Redlic... သူမကတော့နှစ်‌‌ေပါင်း၃၀၀၀သက်တမ်းရှိပြီဖြစ်တဲ့ရမ္မက်နတ်ဆိုး ။နှစ်ပေါင်း၃၀၀၀သာဆိုပေမယ့် ၂၀၀၀လောက်က အပြစ်ပေးခံရရင်းလေလွင့်နေခဲ့တာပါ ရေနတ်သူငယ်အားလုပ်ကြံပါသည်ဆိုတဲ့အပြစ်အတွက် နတ်သူငယ်ဘဝကနေ နတ်ဆိုးအဖြစ်ကိုရောက်ရှိခဲ့ရသူ။ အမှန်တရားကိုသိ‌ေနကြပေမယ့်လျစ်လျူရှုကာသူမအားအပြစ်ပေးခဲ့ကြသည်။ နတ်သူငယ်ဘဝတုန်းကလည်း ရူးလောက်အောင်လှခဲ့ပြီး နတ်ဆိုးဖြစ်သွားတော့ လည်းမြင်သူတကာစွဲလမ်း‌ေလာက်‌ေအာင် hot လာတာမို့ သူတော့ နတ်ဆိုးဘဝကိုပိုကြိုက်သည်။ သူ့ညာဉ်ကိုက နတ်ဆိုးဖြစ်ဖို့မွေးလာတယ်လို့တောင်ပြောလို့ရသည်။ အခုတော့ red garden ဆေးရုံရဲ့ အရမ်းလှတဲ့ ဆေးရုံအုပ်အဖြစ်ပေါ့။

လူသားတွေရဲ့ ရမ္မက်စိတ်ကိုစားသုံးပြီးတိုင်း အားပြည့်ကာလှ‌ေသွးကြွယ်လာတဲ့ သူ့ကိုယ်သူကြည့်ပြီးအမြဲ ဂုဏ်ယူခဲ့ရသည်မဟုတ်လား သူ့ကိုငြင်းနိုင်တဲ့ ယောက်ျားကလည်းမရှိဘူးလေ သူတို့ပြုစုတာကိုခံပြီးတိုင်း သူပြီးမြောက်တာနဲ့ တဖက်လူက အားပျက်ကာလဲသွားလေ့ရှိသည်။ ၂ဦး၂ဖက်တူတူ ပြီးမြောက်ရသည်ကား မရှိသေး။ သူ့ရမ္မက်စိတ်ကို ဘယ်ယောက်ျားကမှ မကျော်နိုင်သေးဘူးထင်ပါရဲ့။

........

အင်း Redlic တယောက် ဆေးရုံရုံးခန်းထဲအနားယူ‌ေနရင်း ဟိုကောင်လေးအကြောင်းစဉ်းစားမိသည်။ Redlic ကိုယ်ကအမြဲတမ်းရနံ့တခုကို ထုတ်လွှတ်လေ့ရှိသည် နတ်ဆိုးရနံ့လို့‌‌ေပြာရမလား အထူးသဖြင့်ယောက်ျားတွေ‌ေရှ့။ထို့ကြောင့်လည်း သူလူကြားထဲသိပ်မထွက်ဖြစ်ပေ ရမ္မက်နတ်ဆိုးပေမယ့် တွေ့ကရာလူနဲ့တော့ မအိပ်ချင်။ဒါမယ့်ဟိုကောင်လေးကတော့ ပထမဆုံးအကြိမ်ပဲ သူရနံ့ ထုတ်လွှတ်လိုက်တာတောင် သည်းခံနိုင်တဲ့ပထမဆုံးလူသား။

နေ့လည်က သူဟိုကောင်လေးကို ဂါထာတခုနဲ့ မှုတ်ခဲ့သေးသည် သူမအစွမ်းတွေသာ အလုပ်လုပ်အုံးမယ်ဆိုရင် ညကျရင်ဟိုကောင်လေးသူ့ဆီရောက်လာမှာပဲ။

အဟင်း မျှော်‌လင့်နေမိပြီ ခွေးပေါက်လေး.....

........

ညနေ

ဟင်း .... အင်း...

သုတမင်းအိမ်တယောက်တချက်အိပ်ပျော်သွားရင်းမှ လန့်နိုးလာရသည်။ ဘာအိမ်မက်တွေလဲ သူသေချာမဖမ်းမိသော အိမ်မက်များ အိမ်မက်ထဲ ဟိုမိန်းမ ဘာပြောသွားမှန်းမသိသော ဟိုမိန်းမအသံတွေပဲကြားနေသည် ။ ကိုယ်ကလည်းပူထူလာပြီမို့ သူ့လက်တွေက ကားသော့ဆီ။

Call me master!!Where stories live. Discover now