အပိုင်း (2)

Magsimula sa umpisa
                                    

" ဟေ့ရောင် တည်ကြည်  မင်း သဘောကျလား ငါ့တို့ရွာကို ဘယ်လိုနေလဲ မင်းအကြိုက်တွေ့ရဲ့လား'' သန့်စင်လာမေးမှသာ အတွေးကမ္ဘာထဲမှ ထွက်မိတော့သည်။

"အေးကွာ ငါတော့သဘောကျတာထက်ကိုပိုသေးတယ် ရွာထဲရောက်ခါနီးလေပိုအေးချမ်းလေပဲကွ ငါတော့တော်တော်ကို ကြိုက်နေတာဟေ့''

" အေးပါကွာ မင်းသဘောကျရင် ပြီးတာပဲ ရွာထဲရောက်ရင် ပိုတောင်သဘောကျဦးမှာငါတော့မြင်ယောင်သေးတယ် ဒါနဲ့ လှည်းက ခုထိမလာသေးတာလား ဘာဖြစ်နေတာပါလိမ့် ငါအမေ့ကိုသေချာပြောထားရက်နဲ့ အမေကတော့ကွာမေ့ပြန်ပြီထင်တယ်''

"မင်းကလဲ ကွာ လူကြီးဆိုတော့လဲတခါတလေ မေ့တာပေါ့ လာပါကွာ ဖြည်းဖြည်းချင်း လမ်းလျှောက်ကြတာပေါ့ အပင်ရိပ်တွေနဲ့ဆိုတော့သိပ်မပူပါဘူးကွ''

"အေးပါကွာ သွားကြတာပေါ့ ဟူးးးး ''  သန့်စင်က သက်ပြင်းချပြီးပြောလေသည် အာ့ကောင်ကလေ တောမှာနေတယ်သာပြောတာ လမ်းလျှောက်ရတာသိပ်ပျင်းတဲ့ကောင် နည်းနည်းဆိုတာနဲ့သူ့မှာ မောနေတာ တကယ့်ကောင်သူငယ်ချင်း နှစ်ယောက်စကားတပြောပြောနဲ့လမ်းလျှောက်လာရင် ရွာလမ်းဖက်က လှည်းကိူလှမ်းမြင်လိုက်ရတဲ့အတွက်သန့်စင်​ကိုပြောလိုက်သည်။

" ဟေ့ရောင် သန့်စင် ဟိူမှာလှည်းတစီးတော့တွေ့တယ်ကွ ဟုလားတော့မသိဘူး ''အာ့လို ပြောလိုက်မှပဲမျက်နှာက နည်းနည်းရွှင်ပြီး သေချာကြည့်တော့တယ်

" ဟုတ်တယ် ကွ ငါ့ အကိုဝမ်းကွဲ ကွ အမလေးတော်သေးတာပေါ့ကွာ ငါ ရွာအထိ လမ်းလျှောက်သွားရမယ်ထင်နေတာ''

" မင်းကလဲ ကွာ ယောကျာ်းမဟုတဲ့အတိုင်းပဲ ညည်းလိုက်တာတကယ်ပဲ ''

လှည်းကတဖြည်းဖြည်းနဲ့ခန့် တို့အနားလဲရောက်ရော သန့်စင်က လှမ်းတားလိုက်တယ်

"ဗျို့  ကိုရင်တာတီး  ကျုပ်တို့က ဒီမှာဗျာ့ ကြာလိုက်တာဗျာ  လမ်းလျှောက်နေရတာ.ခြေတိုတော့မယ်''

" အေးပါကွာ ငါလဲ ကောက်ရိုးသွားဆွဲရသေးလို့ပါကွာ  ပြောနေတာကြာတယ်လာတက် ဟိုဧည့်သည် ညီလေး လဲ တက်နော် နောက်ကျသွားလို့ တောင်းပန်တယ်ငါ့ညီရာ ''

🌹🌹ပန်တော်မူ🌹🌹(Completed)Tahanan ng mga kuwento. Tumuklas ngayon