ပန်တော်မူ အပိုင်း(1)

Start from the beginning
                                    

ဘာလိုလိုနဲ့ ဘွားဆုံးတာ တောင်တလပြည့်တော့မယ် သူလဲနေသားကျလာပါပြီး တဖြည်းဖြည်း နဲ့ ကောက်စိုက်လိုက်ဖို့အတွက်ပြင်ဆင်နေတုန်း သူ့နာမည် ခေါ် သံကိုကြားလိုက်ရတယ်။
" ပန်ပန် ရေ ပန်ပန်"

"ဟေ ဝင်ခဲ့ ပန်းနုရေ ငါစောင့်နေတာနင့်ကို လာသွားကြမယ် လေ "

"ခနလေး ပန်ပန် ငါလာတာသူကြီးက နင့်ကိုခေါ်ခိုင်းလို့ဟ"

"ဟုတ်လား ဘာတဲ့လဲ "

" ငါလဲ အဲ့တာတော့မသိဘူးအေ့ ကြာပါတယ်ဟာသွားကြည့်ရအောင် ''

"အေးအေး လာသွားကြမယ်"

ဒီလို နဲ့ပန်ပန်တို့လဲ သူကြီးအိမ်ထွက်ခဲ့ကြတယ် သူကြီးအိမ်ရောက်တော့ ရွာသူရွာသားတွေအကုန်စုနေကြလို့ အံသြ သွားရတယ် ဒါပေမဲ့ လဲ ခနပါပဲ သူကြီးထိုင်နေတဲ့နေရာရောက်အောင်သွားပြီးမေးလိုက်တယ် ။

"သူကြီး ပန်ပန့် ကိုခေါ်တယ်ဆို"

"အေး ဟုတ်တယ် ငါပြောရမှာ စိတ်မကောင်းပေမဲ့ မိပန် ညည်းကို ရွာသားတွေက ရွာထဲမှာမထားချင်ဘူးတဲ့ကွယ် အဲ့တာကြောင့် ညည်းရွာစွန်မှာထွက်နေပေးပါ လို​့ပြောချင်တာ"

"ရှင် ဘာဖြစ်လို့ လဲ သူကြီး ရယ် ပန်ပန်ဘာလုပ်မိလို့လဲ ''

"ဟဲ့ကောင်မ ညည်းဘာမှမလုပ်လဲ ညည်းကိုရွာထဲမထားနိူင်ဘူး ညည်းကြောင့်ရွာခိုက်မှာဆိုးတယ်အေ့ ခုတောင် ဘွားမြက ဆုံးသွားရတာလေ ''

ရွာထဲ က ဒေါ်စိန်က ထပြောတော့တစ်ယောက်တစ်ပေါက်ဆီ ပန်ပန့် ကို အပြစ်ပြောကြရော.။

" အဲ့လို တော့မပြောကြပါနဲ့အေ ဘွားမြက. အသက်ကြီးပြီးလေ လူကြီး ရောဂါကြောင့်ဆုံးရတာ ပန်ပန့်အပြစ်မှ မဟုတ်တာ အေ့ သူကြီး ကလဲ သေချာပြန်စဥ်းစားကြည့်ပါဦးရွာစွန်ဆိုတာကလဲရွာပြင်နားရောက်ခါနီးပြီး မိန်းကလေး တစ်ယောက် ထဲမထားနိူင်ပါဘူးတော် ညည်းတို့လဲ သမီးတွေမွေးထားကြတာပဲ ကိုယ်ချင်းစာစမ်းပါအေ့''

"အမလေးတော် အမနုကလဲ သူ့ဟာက မိန်းမ မှန်းမသိ ယောကျာ်မှန်းမသိတာကို သူမွေးတဲ့နေ့မှာ ပဲသူ့အဖေ ပိုးထိတာလေ အမေကျပြန်တော့ရော ကောက်ခါငင်ခါထ ဆုံးတာ ဘွားမြကအသက်ကြီးပေမဲ့ ကျန်းမာပါတယ်အေ့ အဲ့ကောင်မ ရောက်မှ တရှောင်ရှောင် ဖြစ်တာ ''

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now