အခုထိကွပ်ပျစ်ပေါ်၌ စကားကောင်းနေကြတဲ့ အမျိုးတွေနဲ့
အမမြသက်တို့တောင်မပြန်သေးပါပဲနဲ့ ပိုရန်ကောဟု အမေ
ကိုစိတ်ကောက်ချင်မိသည်။

"ဟဲ့ ကြားလားလို့ အငယ်ကောင်"

ဇွတ်ပဲဗျာ...လင်နောက်လိုက်မလို့ပါဆိုနေမှာပဲ။

"အင်းပါလို့ ခြင်ကိုက်ရတဲ့ကြားထဲ အမေကလည်း"

"ကိုယ့်အခြေအနေသိ...ကိုယ်ကသူများတွေနဲ့တူတာမဟုတ်
ဘူး၊ ရည်းစားရနေပြီဘာညာ ရွာထဲသတင်းထွက်တာလုံးဝ
မကြားချင်ဘူးနော်...ကြားတဲ့နေ့က ငါနဲ့မတွေ့ခင် နင့်အကို
ဗလနဲ့ အရင်တွေ့ရမယ်ပ...ငါလည်းနင့်အတွက်စိတ်ပူရင်
လေးပါတယ် အငယ်ကောင်ရယ်"

စိတ်မပူနဲ့အမေရေ...အမေသားအငယ်ဆုံးလေးကဒီည
ယောက်ျားနောက်လိုက်တော့မှာ...ဟီးဟီး။

"စိတ်ချပါအမေရ...ရည်းစားမထားပါဘူး"

လင်နောက်ပဲလိုက်မှာအမေရေ...ဟု စိတ်ထဲ တန်းခနဲ့ပေါ်
မိလိုက်တာနဲ့ ရင်ထဲအတွေးထဲ ဟိုလူကြီးရဲ့မျက်နှာက ကွပ်ခ
နဲ့နေအောင်ပေါ်လာရပြန်သည်။

ခင်ဗျားကြီးကလေ သူများအနေအထိုင်ရခက်မတွေးရမနေနိင်
အောင်သိပ်လုပ်တာပဲ...ဟွန့် တွေ့မှ ဆုံးမပစ်မယ်။

"မြသက်တို့များ ကံကောင်းလိုက်တာ၊ ရုပ်လေးကလည်းလှ
ပိုးပန်းနေတဲ့သူတွေကလည်း ဝိုင်းဝိုင်းလည်၊ ဒီကြားထဲ နိင်ငံ
ခြားကောင်လေးကလည်း မြသက်ကို ကြိတ်ချစ်နေတာဆို
တော့...နေနဲ့လ...ရွှေနဲ့မြပေါ့တော်"

အိမ်ပေါ်ကနေ သူကိုဆုံးမသြော်ဝါဒတွေခြွေပြီး အိမ်ရှေ့ဆင်း
သွားတဲ့အမေက ကွပ်ပျစ်ပေါ်၌ ထိုင်ပြီးလေပေါနေတဲ့အမျိုး
တွေကို အမမြသက်က ဘယ်လိုကံကောင်းတာ လင်ရကံ
ကောင်းမှာနဲ့ ပိုပြီးခံပြင်းမိတာလေးက သူ့လူကြီးကဘယ်နား
ကပါလာတာတုန်း...အဲ့လိုပြောလေ အမမြသက်တို့ကပိုသ
ဘောကျပိုကြိုက်လေပင်။

"ဒါပေါ့အေ...မမြလတ် တို့က သမက်ရကံကောင်းဦးမှာ..
ငါကြားမိတာတော့ အဲ့နိင်ငံခြားကောင်လေးက ပိုက်ဆံလည်း
အရမ်းချမ်းသာတာတဲ့...ရုပ်ကလည်းခန့်ညား အရပ်အ
မောင်းကလည်း ရှည်မားလိုက်တာ ကြည့်မဝရှုမဝကြီးပါ
တော်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now