ဒီလကို ကင်မ်ထယ်ယောင်းက သူ့ကိုဒီဇိုင်းဘက်ကို ပို့လိုက်လေသည် ။ အချိန်ရရင် လီယွန်းဝူကလွဲရင် ကျန်တဲ့လူတွေရဲ့ ဒီဇိုင်းတွေကို သူအကဲဖြတ်ပေးတက်သလို ၊ လိုအပ်ရင်လည်း လိုတဲ့နေရာတွေကို ဆွဲပေးတက်သည်။။ လီယွန်းဝူကတော့ မင်ဟိုကိုင်တဲ့လူ ဖြစ်လေသည်။

" အစ်ကိုဂျီမင်ဒီလောက်တော်တာ ဒါကို ဒီဇိုင်းနာ ဘာလို့ မလုပ်တာလဲ ?"

ကောင်မလေးရဲ့ အပုံကို သူပြန်ဖြည့်ပေးရင် မေးတော့ သူ့လက်ရပ်တန့်သွားသည် ။ ပြသာနာတွေသာ မရှိခဲ့ရင် ကင်မ်ထယ်ယောင်းနဲ့သာ လက်မထပ်ဖြစ်ခဲ့ရင် သူ့အနာဂတ်က ပိုပြီး တောက်ပနေမလား ? ။ ထိုသို့ တွေးမိရင် ကင်မ်ထယ်ယောင်းကို သူမုန်းသည် ။ သူ့အနာဂတ်က ဘာမှမဖြစ်လာပဲ အိမ်ထောင်ဆိုတဲ့ ထောင်မှာပဲ ပိတ်လှောင်သွားခဲ့တာ ။

" အခုလက်ရှိအစ်ကို လုပ်‌နေရတဲ့အလုပ်ကိုလည်း ညီမသိသားပဲ "

ဝါသနာမပါတဲ့ စာရင်းတွေလုပ်နေရတာ သူ့အတွက်တော့ ငရဲလိုပဲ ။ ဒါကို ကင်မ်ထယ်ယောင်းလည်း သိလိမ့်မယ် သူဒီအလုပ်ကို သဘောမကျတာ ။

" ဟုတ်တယ်နော် ဒီမှာတော့ Boss ပြီးရင် အစ်ကိုဂျီမင်က အကြီးဆုံးပဲ "

ဘာကို ကြီး ။ အခုတောင် လူရဲ့ပုခုံးကို တစ်ဖက်ဖက်ရိုက်ပြီး စကားပြောနေတာ ။ မိန်းခလေးတွေ စကားပြောရင် ဘာလို လက်က ပါလာတာလဲ မသိတော့ပေ ။

" ကြည်နူးနေကြတာပဲ "

လီယွန်းဝူက သူတို့ဘေးမှာရှိနေတော့ လှမ်းပြောတာ ဖြစ်လေသည် ။ ဂျီမင်လည်း ဟိုနေ့က ကိစ္စပြီးသွားပြီးမို့ သူ့စိတ်ထဲမှာ ဘာမှမရှိတော့ပေ ။

" မဟုတ်တာ ယွန်းဝူရယ် ..အစ်ကိုဂျီမင်က အရမ်းခင်ဖို့ကောင်းလို့ပါ "

ကောင်မလေးက ဖြေရှင်းပေးနေပေမဒ့ ဂျီမင်ကတော့ " ကြည်နူးနေတာပဲ " ဆိုတဲ့စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားလေသည်။ သူ့ပုခုံးပေါ်မှာ ရှိနေတဲ့ သူမလက်ကို ဖယ်ဖို့ လုပ်ပေမဲ့

" ဟိုတစ်ယောက်"

အလုံခန်းမို့ ကင်မ်ထယ်ယောင်းရဲ့အသံက ဟိန်းခနဲ့မို့ အခန်းထဲမှာရှိတဲ့ လူတွေ လန့်သွားလေသည်။ Bossဖြစ်တာကြောင့် ပို၍ လန့်သွားပြီး မက်တပ်ထားရပ်လေသည်။ ကင်မ်ထယ်ယောင်း မျက်လုံးက သူ့ကို စိုက်ကြည့်နေတော့ ဂျီမင် သူ့ကိုယ်သူ လက်ညိုးထိုးပြီး

" Bad Husband" ( Complete)Where stories live. Discover now