ကျနော်အလွန်ရောက်ချင်ခဲ့သော ပိတ်ရက်ကိုရောက်လာခဲ့သည်။
ခဏကြာတော့ အလင်းက သူနိုင်ငံခြားကို အရေးကြီးကိစ္စသွားလိုက်ရလို့ မလာနိုင်တော့ကြောင်း စာပို့သည်။ကျနော်လည်း မပြန်ချင်သေးတာနဲ့ သောက်လက်စကော်ဖီလေးကို ဆက်သောက်ရင်း "ကော်ဖီအများကြီးမသောက်နဲ့နော်" ဆိုတဲ့ စကားသံလေးကို ပြန်ကြားယောင်မိသည်။
ထိုအချိန် ဖုန်းတစ်ကောလ်ဝင်လာသည်။
'ဟယ်လို'
'ဟယ်လို ထွန်း'
လေဒီ့အသံပင်။
'လေဒီ အာ မဟုတ်ပါဘူး တီချယ်'
'တို့ကိုမရွဲ့ပါနဲ့ ကလေးငယ်ရယ်'
'ဘာလို့ရွဲ့ရမှာလဲဗျ ကျနော်ဆရာမလေ အဲ့တော့ တီချယ်ပေါ့'
'တို့တောင်းပန်ပါတယ်နော်'
'ကျနော်မှ အပြစ်မမြင်ခဲ့တာ ခဗျားရယ်'
'တို့...တို့လေ ကတိမတည်နိုင်ခဲ့ဘူး'
သူမဘက်မှ ငိုသံပါလာခဲ့သည်။
'ရပါတယ် ကတိဆိုတာမျိုးက ဘယ်တုန်းက မြဲဖူလို့လဲ'
'တို့မင်းကို လွမ်းတယ်'
'မသင့်တော်ပါဘူးဗျာ ခဗျားမှာ ကာမပိုင်ယောက်ျားရှိတယ်လေ'
'တို့တောင်းပန်ပါတယ်'
'လာပြန်ပြီ ဒီစကား ခဗျား ဒီစကားဘဲပြောနေမယ်ဆိုရင်တေယ့ ကျနော်ဖုန်းချလိုက်တော့မယ်'
'မချပါနဲ့ တို့ပြောစရာရှိသေးတယ်'
'မြန်မြန်ပြောဗျ ကျနော်မအားဘူး'
'တို့မင်းကိုချစ်တယ် ကလေးငယ်'
'တော်ပါတော့ခဗျားရယ် ကျနော် ငါးပါးသီလမချိုးဖောက်ချင်ဘူး'
'အင်းပါ ဒါနောက်ဆုံးအနေနဲ့ပြောတာပါ'
'ကျနော်လည်း ခဗျားကို ချစ်တယ် ဒါဘဲဗျာ ကျနော်အလုပ်ရှုပ်နေလို့'
ဆက်ပြောရန် အင်အားတစ်စုံတစ်ရာမှ ကျနော့်တွင်မရှိတော့ပါ။
ထိုနေ့ပြီးတော့ အလုပ်ပြန်တတ်ရသည်။ ဆေးရုံရောက်သည်နှင့် လူနာပေါင်းများစွာကို မနားတမ်းကုသပေးနေရသည်။ ဒါမွန်မြတ်ခြင်းတစ်ခုဘဲ။ အတိတ်မှ အရာအားလုံးမေ့လိုက်ပြီး အလုပ်ထဲတွင် အာရုံစိုက်နေခဲ့သည်။ အတိတ်ဆိုသည့်ထဲတွင် သူမတော့မပါချေ။ အချိန်တိုင်း မိနစ်တိုင်း စက္ကန့်တိုင်းသတိရနေမိသည်။
YOU ARE READING
အချစ်ဦး (First Love)
Romanceကြိုးတစ်ချောင်းကို လူနှစ်ယောက်တူတူ ဆုပ်ကိုင်မိပြီဆို အဲ့ကြိုးက ပြတ်ဖို့ခက်တယ်တဲ့။ ပြတ်သွားခဲ့ရင်လည်း ပြန်ဆက်ဖို့ခက်တယ်တဲ့။