Back To December (4)

Start from the beginning
                                    

" ကြာလိုက်တာကွာဘာတွေလုပ်နေတာလဲ"

" အခုနကမှနိုးလို့ကွ "

" မနက်စာမစားရသေးဘူးမလား စားကြမယ်ငါမင်းကြိုက်တဲ့ မုန့်တွေကော kimchi jjigaeကောဝယ်လာတယ် "

" ဟီးးတော်တယ် လာခဲ့ တူတူစားမယ် "

မနက်စာတွေခင်းပြီး သုံးယောက်တူတူစားနေချိန်
အီဂျဲနိုပြောတဲ့စကားက နှစ်ယောက်လုံးကို ဒဲ့ထိသွားသည်။

" ဒုံဟျော့ မင်းနှုတ်ခမ်းက ထူးထူးဆန်းဆန်းပန်းရောင်သန်းနေပါ့လား"

" အမ် မဟုတ်ပါဘူး အဆီလိမ်းထားတာ "

" အော်အေးးး ငါမေးမလို့ ရည်းစားမဟုတ်ရင်
နမ်းလို့ရလား "

" အဟွတ် " အီမင်ဟျောင်းကြီးရုတ်တရက်ချောင်းဆိုးသလိုဖြစ်သွားသည်။

" အကိုအဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ "

" ရတယ်ရတယ် အကိုနင်သလ်ိုဖြစ်သွားလို့ "

" တော်ပါသေးရဲ့ အဲ ဖြေအုံးဟျော့ "

" ငါဘယ်သိမလဲ ငါမှမနမ်းဖူးတာ "

" နမ်းဖူးလား မေးနေတာမဟုတ်ဘူးဖြစ်သင့်လားမေးတာ ငါကတော့ မဖြစ်သင့်ဘူးထင်တယ်
ဒါစည်းကျော်တာဘဲလေ "

LDH be like- လာပြန်ပြီဒီစည်းကျော်တာ

" ထမင်းစားစမ်းပါကွာ မနက်ဖန်အားလား အားရင်
ငါ့ဆရာဝန်လေးကိုကြိုပေးပါအုံး"

" လာပြန်ပြီ ငါက မင်းဆရာဝန်ရဲ့အကြိုအပို့လား"
သူ့သူလာလိမ့်မယ် "

" အားနာလို့ပေါ့ကွာ သွားကြိုပေးပါကွာ နော် မေးမလို့ မနေ့က ပို့တာဘယ်လိုနေလဲ အဆင်ပြေရဲ့လား"

" အဆင်ပြေရဲ့လားဆိုတာ ဘာစကားလဲ ပို့လာပေးတယ်လေ ဒီလောက်ဘဲပေါ့ ငါက ကားတံခါး
ဆင်းဖွင့်ပေးရမလား "

" မဟုတ်ဘူးလေ မင်းနဲ့ ဆရာဝန်လေးနဲ့ကိုလေကြည့်တာလိုက်တယ်သိလား ချစ်စရာလေးအတွဲညီတယ်"

" မညီပါဘူးးး လျှောက်ပြောနေတယ် "
ဂျဲနိုလည်းနည်းနည်းစိတ်ဝင်စားနေတာသူသိနေသည်။

" တကယ်ပါဆ်ိုမင်းမယုံရင်အကို့ကိုမေးကြည့်
နော် အကိုဟုတ်တယ်မလား "

Back To December Where stories live. Discover now