Back To December (4)

88 18 1
                                    

(Unicode)

မိုးလင်းတာနဲ့နေအလင်းနဲ့တူတူ အကို့မျက်နှာမြင်လိုက်ရတော့ တကယ် လန်းသွားသွားသလိုဘဲ။
အခုအနေအထားအရသူအကို့လက်ပေါ်တစ်ညလုံးအိပ်သွားပုံရသည်။

အကိုတစ်ချက်လှုပ်လာတာကိုကြည့်ပြီးချက်ချင်းသူ့မျက်လုံးကိုပြန်မှိတ်လိုက်သည်။အကိုက သူ့ရဲ့လက်နဲ့ ပါးကိုဖွဖွလေးထိလိုက်သည်။

သူလည်းမျက်လုံးဖွင့်လိုက်ရောအကိုက လန့်ပြီး ချက်ချင်းချောင်းတွေပါဆိုးကုန်သည်။

" ဟျော့ရုပ်ကအဲ့လောက်လန့်စရာကောင်းလို့လား"
ထိုအချိန်မှာမှ အီမင်ဟျောင်းလက်ပေါ်ကသူဖယ်ပေးလိုက်သည်။

" မဟုတ်ဘူးအိပ်နေသေးတယ်ထင်တာ"

" အကို ဟျော့ပါးကိုကိုင်တယ်နော်စည်းကျော်တယ်"

" မဟုတ်ဘူး မင်းပါးမှာအကောင်နားနေလို့ရိုက်မလို့လုပ်တာ နိုးမှာစိုးလို့ဒီတိုင်းမောင်းလိုက်တာထိမိသွားတာနဲ့တူပါတယ် အဲ့စည်းကျော်တာကိုမပြောပါနဲ့ဆို
ခဏခဏ"

" အကို " သူနဲ့အကိုရဲ့အနေအထားကအခုချိန် မျက်နှာချင်းနီးနေပြီး နည်းနည်းလေးရှေ့တိုးလိုက်တာနဲ့ နှုတ်ခမ်းချင်းပူးကပ်သွားမည့်အနေအထားဖြစ်သည်။

" ဟျော့ နမ်းလို့ရမလား ခွင့်တောင်းတာပါ
အကိုမကြိုက်တာကို သိ... "

စကားတောင်မဆုံးသေးဘဲ နှုတ်ခမ်းချင်းပူးကပ်သွားသည်။ အချိန်အတော်ကြာနမ်းပြီးမှ
ရုတ်တရက် အကို့ဘက်ကစကားသံထွက်လာသည်။

" ဒါအကို့ဘက်ကစည်းကျော်လိုက်တာမလို့ မကြိုက်တာမျိုးမရှိပါဘူး "

ထိုစကားလည်းပြောအပြီး ထပ်နမ်းမယ်လုပ်ကြတဲ့အချိန် အိမ်အောက်ထပ်က Bell သံကြားလိုက်ရသည်။

" အီဒုံဟျော့ တံခါးလာဖွင့် "

" သာသနာကိုဖြတ်တယ် " သူ့အပြောကြောင့် အကိုကထရယ်လေသည်။

ဒါမဲ့ အီဒုံဟျော့တစ်ယောက်အီမင်ဟျောင်းကိုနမ်းမဝသေးတာမလို့ နှုတ်ခမ်းပြွတ်ကနဲ အနမ်းထပ်ပေးပြီးမှအောက်ဆင်းသွားသည်။

အီမင်ဟျောင်းက သူ့နှုတ်ခမ်းကိုကိုင်ပြီး ပြုံးပြီးသာကျန်ခဲ့သည်။

Back To December Where stories live. Discover now