Back To December (2)

108 16 0
                                    

(Unicode)

" ဟျော့ အောက်ထပ်မှာ မေမေတို့ခေါ်နေတယ် "

" ဟုတ်ဆင်းသွားလိုက်မယ် "

ဧည့်ခန်းမှာလူတွေစုံနေကတည်းက သူတစ်ခုခုကိုရိပ်မိလိုက်သည်။

" ထိုင် ဟျော့လေး "

" မေမေတို့ဘာပြောမလို့လဲ "

" အဲ့တာက " မေမေက စကားစချင်ပင်မဲ့အားနာပြီးမပြောရဲတဲ့ပုံပေါက်နေသည်။မေမေက လက်ကိုလှမ်းကိုင်လာပြီး

"သားလေး မင်းအကိုမင်္ဂလာဆောင်မှာသိတယ်မလား
အဲ့တာ မင်းအကိုရဲ့ မိန်းမဘက်က အမျိုးတွေက ဒီအိမ်မှာလာပြီးနေချင်တယ်ဆိုလို့ မေမေတို့လည်း လက်ခံလိုက်တယ်သားရယ် အဲ့တာ သား... "

" ဟျော့ဂီနားလည်ပါတယ် မေမေ သားဘာလုပ်ပေးရမလဲဘဲပြောပါ ကိစ္စမရှိဘူး "

" သားကို မေမေတို့ အားနာပင်မဲ့တခြားအိမ်တစ်အိမ်
ဝယ်ပြီးထားပေးပါမယ် ပြီးတော့ လူတွေလည်းခေါ်ထားပေးမယ်လေနော် ဟျော့ဂီလည်းမပျင်းရအောင် "

" ဟင့်အင်း ဟျော့ တစ်ယောက်တည်းဘဲနေမယ် ဟျော့မလိုဘူး "

" အဲ့လိုလည်းမဟုတ်ဘူးလေသားရယ်နေလိုက်ပါ တစ်ယောက် တစ်ယောက်တော့ သားကိုပြုစုမဲ့သူရှာပေး
မယ်လေနော်ရတယ်မလား မဟုတ်ရင် မေမေစိတ်မချဘူး"

" မေမေ စိတ်မချဘူး ? မေမေ မေမေစိတ်မချရင် သားကိုအဲ့ကို လုပ်စရာအကြောင်းမရှိဘူး မေမေတို့က မေမေတို့ကောင်းဖို့ဘဲကြည့်ကြတယ် တစ်ခါမှ ဟျော့စိတ်ချမ်းသာလား မမေးဖူးဘူး လုပ်ချင်တာအကုန်လုပ်လိုက်ကြတယ်
အခုကျမှ ပစ်ထားချင်မှ စိတ်ပူတယ်စိတ်မချဘူးတဲ့လား "

" မဟုတ်ဘူး ဟျော့လေး "

ထိုအချိန်သူ့ရဲ့ အကိုဖြစ်သူက သူ့အင်္ကျီကော်လံစကိုဆွဲပြီး မျက်နှာကိုထိုးလိုက်သည်။

" မင်း ကိုယ့်အမေကိုပြန်ပြောစရာလားအဲ့လို "

" သား မင်းညီကိုအဲ့လိုမလုပ်ရဘူးလေ သူနေမကောင်းတာသားလည်းသိရက်နဲ့ ထိုင်ပါ
စိတ်ကိုလျော့"

" မင်း မမွေးလာခဲ့ရင်ကောင်းမယ် အီဒုံဟျော့ "
သူ့အစ်ကိုရဲ့စကားကိုသူလည်းပြန်တွေးမိလိုက်သည်။သူလည်း အမှန်တကယ် မမွေးလာရင်ကောင်းလိမ့်မည်။

Back To December Where stories live. Discover now