Back To December (3)

88 14 0
                                    

(Unicode)

မိုးလင်းတာနဲ့ အခုဆို သူ့အတွက်ဂရုစိုက်ပေးမဲ့သူသက်သက်ရှိနေပြီဖြစ်သည်။

Ring ~

" ဟယ်လို ဟျော့ဂီလေး သားကို ဆေးကုပေးမဲ့ ဆရာဝန် ဒီနေ့အိမ်လာလိမ့်မယ်နော်အဲ့တာ လှမ်းပြောပေးတာ "

" ဟုတ်ကဲ့ မေ "

" အဲ့ဆိုဒါဘဲနော် သား "

" ဟုတ် " တစ်ချက်ကဖုန်းချသွားပင်မဲ့ သူ့ကို အဆင်ပြေရဲ့လား ဆိုတဲ့ မေးခွန်းကိုစောင့်နေတာကြောင့်ဖုန်းကို ကိုင်ထားဆဲ။

*ဒေါက်

" အထဲက နိုးပီလား အကို မင်းအတွက် မနက်စာပြင်ထားတာ "

အချိန်ကြာသူဘာမှပြန်မပြောတာကြောင့် အခန်းတံခါးပွင့်လာသည်။

" ဟင်နိုးပြီလား ဘာလို့ ပြန်မဖြေတာလဲ "

" ... "

" ငိုထားတာလား "

" မဟုတ်ပါဘူး "

" ဟုတ်ပါတယ် မျက်ရည်တောင်စို့နေသေးတာကို "

" အကို " မနက်မှတွေ့တယ်ဆိုပင်မဲ့ အခုလို စိတ်ပင်ပန်းတဲ့အချိန်မှာတော့ တစ်စုံတစ်ယောက်ကိုဖက်ပြီး ငိုထားချင်သည်။

အကိုက သူ့ကိုပြန်မဖက်ပေးဘဲ " အဆင်ပြေလား
ဘာလို့ အဲ့လိုငိုနေတာလဲ တစ်ခုခုခံစားနေရတာလား
အကိုအမှားလုပ်ထားတာရှိလို့လား "

" မဟုတ်ဘူး " အကိုက သူဖက်ထားတာကို ပြန်လွှတ်စေချင်တဲ့ပုံ။

" ခဏလေးဘဲ အခုလိုနေပေးလို့မရဘူးလား ဟျော့ အရမ်း စိတ်ညစ်နေလို့ပါ " ထိုအချိန်မှာမှ အကို့ရဲ့လက်ကသူ့ကျောပေါ်ကို ရောက်လာပြီး ဖွဖွလေး ကျောကို သပ်ချပေးနေသည်။

" မငိုနဲ့ မငိုနဲ့ လောကကြီးမှာငိုတာနဲ့ဘာမှဖြေရှင်းလို့မရဘူး မျက်ရည်တစ်စက်ကျတာနဲ့ အရှုံးပေးပြီးသားဖြစ်သွားပြီ အဲ့တော့ အကောင်းဆုံးကိုစဉ်းစားရမယ် ကိုယ်အပျော်ဆုံးဖြစ်အောင်နေရမယ် "

" အကို ဘာလို့ ဟျော့ကမိသားစုကံဆိုးရတာလဲ "

" အော် ဒါကတော့ လူတစ်ယောက်ကဘယ်တော့မှ ဘက်စုံမပြည့်စုံနိုင်ဘူးလေ "

Back To December Where stories live. Discover now