ပေါ်နေတဲ့ခေါင်းကို သူ့လက်မောင်းပေါ်ဆွဲတင်ပြီး မျက်နှာချင်း ဆိုင်လိုက်လေသည် ။

" လှုပ်လို့မရဘူးလေ "

စူတက်လာတဲ့ နှုတ်ခမ်းကို ကင်မ်ထယ်ယောင်းအမိအရပဲ နမ်းလိုက်သည် ။ ကျန်လက်တစ်ဖက်နဲ့ ခေါင်းအနောက်ကို ထိန်းလိုက်သည် ။ ဂျီမင်ရဲ့နှုတ်ခမ်းတစ်လွှာချင်းဆီကို  ကင်မ်ထယ်ယောင်းနမ်းသည် ။ နူးညံ့သလိုလိုနဲ့ မနူးညံ့တဲ့ အနမ်း ။ ခေါင်းနောက်ကနေ ပါးကိုကိုင်လိုက်တဲ့အချိန် စောင်နဲ့ လုံးထွေးနေတဲ့လူသည် အိပ်ပျော်သွားလေသည် ။ ထိုအခါမှာ ကင်မ်ထယ်ယောင်း နှုတ်ခမ်းကို လွှတ်ပေးလိုက်သည်။ အိပ်ပျော်သွားသူကတော့ ဘာမှ မလုပ်ထားသလို အရာရာကို အပူအပင်ကင်းစွာနဲ့ အိပ်မောကျနေလေသည်။

( ဆင်ဆာဖြတ်ထားတဲ့အခန်းပါ ၊ ဘာvideoမှ မရိုက်ထားပါဘူးနော် စနေသားက )

......

" မင်းဘာလုပ်‌ချင်နေတာလဲ ငါ့ company မှာ "

လီယွန်းဝူကို သူ့အခန်းထဲလာဖို့ခေါ်လာတော့ သိပ်မကြာပဲ လိုက်လာလေသည် ။ အလုပ်စားပွဲရှေ့မှာ လီယွန်းဝူ ထိုင်လိုက်တာနဲ့ ကင်မ်ထယ်ယောင်းတန်းပြောတော့ လီယွန်းဝူဒေါသထွက်သွားလေသည်။ လီယွန်းဝူ ပါးစပ်ပြင်ယုံရှိသေး ။

" ငါဘယ်သူ့ကိုမှ စောက်ဂရုစိုက်တာမဟုတ်ဘူး ၊ ငါပြောတာကို စိတ်ဆိုးပြီး ငါ့ company ကထွက်သွားရင်လည်း ရတယ်"

" ကိုကိုရဲ့ လူက ယွန်းဝူကို အရင်လာထိတာလေ .."

" သူထိရလောက်အာင် မင်းလုပ်တာလေ .."

" ကိုကို အားလုံးမသိပဲ မပြောပါနဲ့ "

" ‌ S ပါးစပ်ပေါက်ကိုပိတ်ထား ၊ ငါက မင်းအော်ရမဲ့လူ မဟုတ်ဘူး "

ကင်မ်ထယ်ယောင်းတစ်ယောက် လည်ပင်းကြောတောင် ထောင်တက်သွားတဲ့အထိပဲ ။ ဒါသည် ဒေါသအလွန်ထွက်နေတယ်ဆိုတာကို လီယွန်းဝူသိလေသည် ။

" ဇယားတွေ လာမရှုပ်နဲ့ ၊ မင်းကို ဘာမှမပြောဘူးဆိုပြီး ရောင့်တက်မလာနဲ့ ၊ ကိုယ့်အဆင့်ကိုယ်သိ ၊ မတန်မရာတွေကို ထပ်မှန်းမနေနဲ့ "

" Bad Husband" ( Complete)Where stories live. Discover now