159. ဧည့်ခံပွဲ၌ အချစ်ကဗျာ

Start from the beginning
                                    

မို့ရွှမ်မင်၏ ရိုးသားသော အပြုံးနှင့် မို့ရွှမ်မင်အတွက် အဆက်မပြတ် ချီးမွှမ်းမှုများသည် ဘေးနားရှိ မြင့်မြတ်သော အမျိုးကောင်းသမီးများကို မကြိုက်ဖြစ်စေသည် ။

ယနေ့တက်ရောက်သူအများစုမှာ တတိယတန်းနှင့် အထက်အရာရှိများဖြစ်ကြသည် ။ ထိုမှတပါး သူတို့သည် နိုင်ငံတော်အတွက် အထောက်အပံ့ပြုကြသော အမျိုးအနွယ်များ ဖြစ်ကြကုန်၏။ မို့ဟွာဝမ်သည် ၎င်းတို့အထဲမှ တစ်ယောက်မဟုတ်သော်လည်း တတိယတန်းအရာရှိတစ်ဦးဖြစ်သောကြောင့် သူတက်ရောက်နိုင်ခဲ့သည်။ စီမာဟီရန်သည်လည်း ယခင်သူမအဖေ၏ ဂုဏ်ကြောင့် တက်ရောက်နိုင်ခဲ့သည်။ စီမာလင်းရန်သည် မြို့စားအိမ်တော်၏ဂုဏ်ကို ပြန်လည်ရရှိရန် စောင့်နေခဲ့သည်။

ချန်မြို့စားသည် ဟိုးအရင်ကတည်းက ကွယ်လွန်သွားခဲ့ပြီး မြို့စား၏သားဖြစ်သူ စီမာလင်းရန်သည် ကြာမြင့်စွာကတည်းက ချန်မြို့စား ဖြစ်လာသင့်သည်။  သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဧကရာဇ်မင်းသည် သူတို့ကို မချီးမြောက်ခဲ့ပေ။ ထိုကြောင့် သူ့လက်အောက်ငယ်သားများကလည်း ဘာမှ မပြောဝံ့ဘူး ။  စီမာလင်းရန်သည် ချန်မြို့စားအိမ်တော်၏ သခင်လေးအဖြစ်ရှိခဲ့တာ အနှစ် 20 ရှိခဲ့ပြီ ။

သို့သော် ယနေ့ညတွင် နန်းတော်ရှိသတင်းများအရ စီမာလင်းရန်သည် ချန်မြို့စားအသစ် ဖြစ်လာနိုင်သည်ဟု ဆိုကြသည် ။ ထို့ကြောင့် စီမာလင်းရန်သည် ယနေ့ပွဲကို တက်လာခဲ့ရုံသာမက လူသိရှင်ကြား ထွက်ခဲသည့် သူ့ညီမကိုလည်း ခေါ်လာခဲ့သည်။ မြို့စား၏ကတော်ကတော့ နေမကောင်းဖြစ်နေသောကြောင့် မလိုက်လာခဲ့ပေ ။

စီမာဟီရန်သည် ကဗျာကို အလွန်နှစ်သက်သည်။ စီမာလင်းရန်သည် ချန်မြို့စား မဖြစ်သေးသောကြောင့် သူမသည် မို့ရွှမ်မင်၏ နောက်ကျောတွင်သာ ထိုင်နေခဲ့ရသည်။ မို့ရွှီတုန်းသည် မို့ရွှမ်မင်အား ချီးကျူးသံကြားသောအခါတွင် သူမသည် စူးစမ်းချင်စိတ် ပြင်းပြလာပြီး သူမ လှည့်၍ မေးလိုက်သည် " ပထမဆုံးသခင်မလေးမို ၊ မင်း ဘယ်လိုကဗျာကောင်းတွေ ရေးခဲ့လဲဆိုတာ အားလုံး ကြားရအောင် ပြောပြပါဦး "

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now