159. ဧည့်ခံပွဲ၌ အချစ်ကဗျာ

Start from the beginning
                                    

ဘယ်မိသားစုကမှ ဘာမှမသိတဲ့ ကောင်မလေးကို အဖေမချစ်တဲ့ မိန်းကလေးကို လိုချင်မှာမဟုတ်ဘူး။  သူတို့မိသားစုအတွက် အသုံးမကျတဲ့ ချွေးမကို မလိုချင်ပါဘူး။

ထို့ကြောင့် မို့ရွှမ်မင်က ထိုစကားကိုပြောသောအခါ အခြားသခင်မများက မို့ရွှီတုန်းကို အထင်အမြင်သေးစွာ ကြည့်ကြသည်။  သူတို့ထဲက တချို့က မို့ရွှမ်မင်ကိုတောင် ချီးကျူးလိုက်သေးသည် ။ သူမသည် ထက်မြက်သော ကိုယ်လုပ်တော်သမီးတစ်ဦးဖြစ်ပြီး သူမ၏ဖခင်က ချစ်မြတ်နိုးခဲ့သည်။  သူမသည် တရားဝင်သမီးလေးပင်ဖြစ်နိုင်ပြီး အမှန်တကယ်ပင် အတွက်အချက် ကောင်းသူတစ်ဦးဖြစ်သည်။

သခင်မများ သူမကို ကြည့်နေသည်ကို သူမ ခံစားလိုက်ရသောအခါ မို့ရွှမ်မင်၏ အပြုံးသည် ပို၍ နူးညံ့လာသည်။  သူမသည် ပို၍ပင် ကြင်နာပုံပေါက်ပြီး ကျေနပ်သည့်အမူအရာဖြင့် နူးညံ့သိမ်မွေ့သောအပြုံးကို ချန်ထားခဲ့လေသည်။  သူမသည် ထိုနေရာတွင် ကြင်နာစွာထိုင်နေပြီး သူမကိုကြည့်နေသော သခင်မများက သူမကို အလွန်သဘောကျကြသည်။ သူတို့သည် သူမအကြောင်းမေးရန် မိုအိမ်တော်သို့ တစ်စုံတစ်ဦးကို စေလွှတ်ရန် စဉ်းစားခဲ့ကြသည်။

"ကျေးဇူးအများကြီးတင်ပါတယ် အစ်မအကြီးဆုံး" မို့ရွှီတုန်းကတော့ လုံးဝစိတ်မဝင်စားပါဘူး။ သူမမျက်နှာပေါ်ရှိ အပြုံးသည် အပြစ်ကင်းစင်ပြီး ကလေးဆန်ကာ သူမကို အခြားသူများက အထင်ကြီးသွားစေခဲ့သည်။ သူမက ဆက်ပြောလေသည် ။ "အမကြီးက အရမ်းတော်တယ်လို့ သူများတွေပြောနေတာ အံ့သြစရာမဟုတ်ပါဘူး ။ မင်းက ဒီလောက်ကောင်းတဲ့ ကဗျာကောင်းလေးကို ရေးထားတာ အံ့သြစရာဘဲ ။ ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်လဲ ! တို့သာဆိုရင် ဆယ်ရက် ဒါမှမဟုတ် နှစ်ပတ်အတွင်းမှာတောင် ဒီလောက်ကောင်းတဲ့ ကဗျာတစ်ပုဒ်ကို တို့ရေးနိုင်မှာမဟုတ်ဘူး။  မင်းရဲ့ကဗျာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ရင်နင့်စရာခံစားချက်တွေကို ပေးစွမ်းနိုင်တယ်"

သူမ၏ ချီးကျူးမှု မြင့်မားလေ ၊ မို့ရွှမ်မင်၏ ကျဆုံးခြင်း သည် ကြီးမားလေလေဖြစ်သည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now