" မင်ဟိုကတော့ ပြောတယ် ဒူနာတို့နစ်ယောက် ပြသာနာရှာလိုက်တယ်တဲ့ "
" တကယ် ...!!"
" အကြောင်းအရင်းတော့ မပြောပြဘူး ၊ မင်ဟိုရဲ့မျက်နှာကို ကြည့်ရသလောက်တော့ သေချာတယ် ၊ အမတို့ တော်တော် ပြသာနာရှာလိုက်ပုံပဲ "
ဂျီမင်ခေါင်းကို လက်နစ်ဖက်နဲ့ ကုတ်လိုက်သည်။ လစ်လျူရူထားတာမဟုတ်ပဲ ။ တစ်ခုခုဆိုရင် အတေအမှတ်ထားထားတာလား ? ။ ဘယ်အချိန်ရောက်မှ သူရှာမိတဲ့ ပြသာနာကို ကင်မ်ထယ်ယောင်းက ပြန်ပြောမှာလဲ ? ။
" Bossက တစ်ခုခုပြောလို့လား ?"
ဟန်ဆိုဟီးက အလုပ်ထဲရောက်ရင်တော့ ကင်မ်ထယ်ယောင်းကို "Boss " လို့ပဲ ခေါ်လေသည် ။ ဂျီမင်လည်း ခေါင်းခါလိုက်သည်။ မိုးလင်းကထဲကပြောရင် အကြောင်းမဟုတ်ပေမဲ့ ဘယ်အချိန်မှ ထပြောမလဲဆိုတာကို တွေးပြီးတော့ ပိုပူရတယ် ။ အရက်မြင်တာနဲ့ မနေနိင်တဲ့ ကိုယ့်ဟာကိုယ်လည်း စိတ်တိုတယ် ။ ခြေလှမ်းတွေကို ကင်မ်ထယ်ယောင်းရဲ့ ရုံးခန်းဘက်ကို ဦးတည်လိုက်သည်။
" Boss ဆီ သွားမလို့လား ?"
ဟန်ဆိုဟီးမေးတာကို ဂျီမင်ခေါင်းတောင်မညိတ်တော့ပဲ ရုံးခန်းထဲကို သွားလေသည်။ တံခါးခေါက်ပြီး ၀င်လိုက်တော့ မျက်မှန်အောက်က မျက်လုံးတွေက သူ့ကို ပင့်ကြည့်လေသည် ။ သူဘာလို ဒီရုံးခန်းထဲကို၀င်လာတာလဲ ? ။ တံခါးပေါက်နားမှာပဲ ရပ်ကာ ပြောဖို့စကားကို ရှာနေလေသည်။ ဘယ်လိုခေါင်းစဉ်နဲ့ မေးရမလဲ ? ။" ငါညက ပြသာနာ ရှာမိလိုက်လား ?" ဆိုပြီးတော့လား ? ။
" ဘာပြောဖို့လဲ ?"
ကင်မ်ထယ်ယောင်းရဲ့အသံထွက်လာတော့လည်း သူ့မှာ ခေါင်းစဉ်တစ်ခုမှ မရှိသေး ။ ဘာမေးရမလဲ ? ။
" လီယွန်းဝူနဲ့ ကိစ္စ "
ရုတ်တရက် ခေါင်းထဲကထွက်လာတာကို မေးလိုက်တာဖြစ်သည်။ ထိုအခါ ကင်မ်ထယ်ယောင်းက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်သည် ။
" ပြော .."
ပြော ...။ ပြောရမှာ ဒင်းလေ ။ သူက ဘာကိုပြောရမှာလဲ ? ။ မဟုတ်ရင် မဟုတ်တဲ့အကြောင်း ၊ ဟုတ်ရင်လည်း ကွာရှင်းမယ်ဆိုတဲ့ အကြောင်းတွေတော့ သူတို့နစ်ယောက်ပြောဖို့ လိုအပ်တယ်လေ ။
🔥 20 🔥
Start from the beginning