7.နွေးထွေးသောနှစ်သိမ့်မှု

Start from the beginning
                                    

သူဆောန်ကိုတစ်ခုခုပြန်ပြောဖို့ပြင်လိုက်စဥ်မှာ ထိုသူတွေက လှုပ်ရှားလာသည်။

" အချိန်မရှိဘူး နှစ်ယောက်စလုံးဖမ်းခဲ့ ဒီညအမီ ရောက်မှဖြစ်မယ်
သခင်လေးတို့ လိမ်လိမ်မာမာလိုက်ခဲ့ရင်အသက်ချမ်းသာရာရမယ် တစ်ခုခုကြံစည်ရင်တော့ ဓားကလူမရွေးဘူးနော် "

ထိုသူများက ဆောင်ဟွန်းနောက်ကိုလိုက်နေကျသူတွေမဟုတ်ဘူးလို့ထင်မိတာကတစ်ကြောင်း အသက်ကိုရန်မရှာဘူးဆိုတဲ့စကားကြောင့်တစ်ကြောင်း ဆောင်ဟွန်းမခုခံဖို့ဆုံးဖြတ်လိုက်မိသည်။
လောလောဆယ်တော့ ဆောန်ရောသူရော မထိခိုက်ဖို့ကိုသာ ဦးစားပေးရမည်။
နောက်မှ အခြေအနေကြည့်ပြီး ထွက်ပြေးလို့ရမယ့်နည်းလမ်းကိုရှာရမည်။

ထိုသူများက သူတို့နှစ်ယောက်လုံးကို လှည်းတစ်ခုပေါ်မှာကြိုးတွေနဲ့ချည်နှောင်ထားတဲ့သစ်သားသေတ္တာ အကြီးကြီးတစ်လုံးထဲသို့ဝင်စေကာ မျက်လုံးတွေကိုလည်းအဝတ်ဖြင့် စည်းနှောင်ပေးထားသည်။
တောနက်ထဲမှာမို့ အော်ဟစ်အကူအညီတောင်းဖို့လည်းမဖြစ်နိုင်။

လက်ပြန်ကြိုးတုပ်ခံထားရလို့ လွတ်လပ်စွာမလှုပ်ရှားနိုင်ပေမယ့် သေတ္တာက သူတို့နှစ်ယောက်ချောင်ချောင်ချိချိထိုင်နိုင်တဲ့အနေအထားမို့
ဆောန် ဒဏ်ရာရထားတဲ့ခြေထောက်ကိုဖိမိမှာ စိုးရိမ်စရာမလိုပေ။

" ဒီတစ်ခါအလုပ်က ကလေးတစ်ယောက်ကို သတ်စရာလည်းမလိုဘဲ ဖမ်းခေါ်လာပေးယုံနဲ့ တစ်ဘဝစာထိုင်စားလို့ရမယ့်ပိုက်ဆံတွေပေးတာဆိုတော့ ငါကြေးစားလုပ်လာတဲ့တစ်လျှောက်မှာ အတန်ဆုံးပဲဟေ့ "

" ခေါင်းဆောင် ဟိုကောင်လေးကိုရော ဘယ်လိုလုပ်ကြမလဲ မျက်နှာအဝတ်အုပ်ထားတဲ့တစ်ယောက်ကိုပဲဖမ်းရမှာကို တစ်ယောက်ပိုပါလာတော့အလုပ်ရှင်က ကြိုက်ပါ့မလား"

" ပိုတာဘာမှမဖြစ်ဘူး ဟိုကျမှအလုပ်ရှင်တွေခိုင်းသလို အခြေအနေကြည့်ပြီး လွှတ်ပေးရမလားရှင်းပစ်ရမလားတစ်ခုခုပေါ့"

အပြင်ဘက်ကလူတွေပြောနေတာကိုတစ်စွန်းတစ်စကြားလိုက်ရတဲ့အခါ ဆောင်ဟွန်းတော်တော်လေးအံ့သြသွားမိသည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now