၎င်းတို့၏မျိူးစိတ်အလိုက် ကျင့်ကြံစဉ်ကွာခြားကြသည်။ ဆရာဟန်ဇီကဲ့သို့ လိပ်ပြာမိစ္ဆာများက ပန်းဝတ်ရည်ကိုစုပ်၍ကျင့်ကြံသည်ကဥပမာပင်။ ဝူရှီးပြည်၌ လူသားဟူ၍မရှိ၊ အများစုကမိစ္ဆာများဖြစ်၍ နတ်ဆိုးများကိုမူ လက်ချိုးရေတွက်နိုင်သည်အထိနည်းလွန်းသည်။ ဇာတ်လိုက်ဖန်းချန်းလော့မှာ ကဝေနတ်ဆိုးမျိုးရိုးဖြစ်၍ သူမတူအောင်ထူးခြားသည်မို့ ကျောက်စိမ်းသခင်ကတပည့်အဖြစ်လက်ခံခဲ့သည်ဟု ပိုင်လီထျန်းဖတ်ဖူးသည်။

ထိုအထဲတွင်မှ ထူးခြားသည့်မျိုးနွယ်စိတ်များမှာ နတ်ဆေးဆရာမျိုးစိတ်ဖြစ်၍ ၎င်းတို့အား နတ်ဆေးလုံးဖော်စပ်ခြင်းတွင်အသုံးပြုကြသည်။ သို့သော်ငြား လွန်ခဲ့သည့်နှစ်ပေါင်း တစ်ထောင်ခန့်က နတ်ဆေးဆရာမျိုးစိတ်တစ်ခုအား ဖျက်ဆီးခြင်းခံခဲ့ရပေသည်။ အကြောင်းအရင်းကိုမူမသိရ၊ ရှင်ဘုရင်က ထိုမျိုးဆက်တစ်ယောက်တွေ့လျှင်တစ်ယောက်သတ်ပစ်ရမည်ဟု အမိန့်ချမှတ်ခဲ့သည်ဟုဆိုသည်။

"ကျောက်စိမ်းသခင်ရဲ့တပည့်အကြောင်းရော ဆရာသိလား"

ပိုင်လီထျန်းသိချင်နေသည့်အကြောင်းအရာလေးအား ယခုမှသာထုတ်ပြောဖြစ်တော့သည်။ သူ့အနေဖြင့် ကျုန်းလိပြည်ဇာတ်ကြောင်းကို ပြောင်းထားသည့်အတွက် အနှီဇာတ်လိုက်နှစ်ယောက် မည်သည့်နေရာသို့ရောက်၍ မည်သို့ဖြစ်နေမည်ကိုလည်း သိချင်ပေ၏။

"သူ့တပည့်? ကဝေနတ်ဆိုးကိုမင်းပြောတာလား?"

ဆရာဟန်ဇီ၏မျက်မှောင်ကြုံ့၍မေးလာသောအမေးကို ပိုင်လီထျန်းခေါင်းညိတ်ပြလိုက်သည်။ သူ၏ဆရာဖြစ်သူက ထိုအပြုအမူကြောင့် တစ်ချက်မဲ့ပြုံးပြုံး၍ ဆို၏။

"အဲ့ဒီကျောက်စိမ်းသခင်ရဲ့တပည့်ကလည်း သူ့ဆရာနီးပါးယုတ်မာကောက်ကျစ်တာပဲ"

ပိုင်လီထျန်းထိုသို့ပြောလာမည်ဟုမထင်ထားသော်လည်း ဝတ္တုအစပိုင်း၌ လူအများက ဇာတ်လိုက်အားထိုကဲ့သို့သာ ထင်ခဲ့ကြသည်မို့ ဆရာဟန်ဇီ့အားနားလည်ပေးနိုင်ပေ၏။ နောက်ပိုင်းမှသာဖန်းချန်းလော့၏ဖြူစင်မှုများပေါ်မည်ဖြစ်၍ ယခုတွင်မူ မည်သူမျှသေချာမသိနိုင်ဟု သူထင်သည်။ ထို့ကြောင့်လည်း ဇာတ်လမ်းအစ၌ရေးထားခဲ့သည့် အကြောင်းအရာအားပြန်တွေးကာ ပိုင်လီထျန်းမေးလိုက်၏။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now