"ခင်ဗျားတကယ်ကြီးရှန်ယွင်နဲ့အိပ်ခဲ့တာလား"

စောင်ပုံလေးထဲမှထွက်ကာ အမေးတော်ရှိလာသည့် ရှင်းချန်ကြောင့် ပိုင်လီထျန်းကပြုံးရုံသာပြုံးနေသည်။
တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းပေပဲမို့ ရှင်းချန်နှာခေါင်းကိုရှုံ့၏။

"ဘာလဲ သဝန်တိုလို့လား"

ရှင်းချန် မျက်ဆံလှန်ပြလိုက်သည်။

"ဘယ်သူကသဝန်တိုနေလို့လဲ ခင်ဗျားကဘုရင်ပဲ အိပ်ချင်တဲ့လူနဲ့အိပ်ပေါ့"

ထိုမျက်ဆံလှန်သောအမူအရာလေးများအား ပိုင်လီထျန်းအသည်းယားလွန်းပါသဖြင့် လိမ္မော်သီးလေး၏နှာခေါင်းလုံးလုံးလေးကို ဖျစ်ညှစ်လိုက်မိသည်အထိပင်။

ရှန်ယွင့်အပေါ်သဘောထားသည့် ရှင်းချန်၏စိတ်က မုန်းတီးနေသည်မျိုးမဟုတ်ပဲ ဒီတိုင်းကြည့်မရရုံသာဖြစ်ကြောင်း မူလဝတ္တုထဲဖော်ပြပြီးသားဖြစ်သည်။ ရှန်ယွင် ကျုန်းလိတိုင်းပြည်ကိုစရောက်သည့်အခိုက် သူ့အားနန်းတော်ထဲထိလိုက်ပါပို့ဆောင်ပေးရသူက ရှင်းချန်၏ဒုတိယအစ်ကိုတော် ယွီကျင်းဖန် ပင်။

၄င်းက ယွီအိမ်တော်ကိုပြန်လာပြီးသည့်နောက်ပိုင်း ရှန်ယွင်၏အလှတရားအား နေ့ညမပျက်ချီးကျူးလို့နေတတ်ပြီး ရှင်းချန်နှင့်လည်း ခဏခဏနှိုင်းယှဉ်ကာ စနောက်တတ်သည်မို့ ရှင်းချန်ရင်ထဲအကြိတ်အခဲရှိနေခြင်းတစ်ခုသာရှိ၏။

"လာပါဦး..."

ပိုင်လီထျန်း ရင်ခွင်ကိုဖွင့်ပေးလိုက်တော့ ရှင်းချန်ကငြင်းဆိုသည်။

"မလာဘူး ဝေးဝေးနေ"

ပိုင်လီထျန်းအော်ရယ်လိုက်မိပြန်သည်။ ဒီဟာလေးကဘယ်လိုတောင် ဂျစ်တူးနေရတာလဲ?

သည်းမခံနိုင်တော့သည့်အဆုံး စောင်ပုံကြားမှ လိမ္မော်သီးလေး၏ပါးလေးနှစ်ဖက်ကိုသူ့လက်ဖဝါးတွေကြားဖိညှစ်ကာ နှုတ်ခမ်းသားရဲရဲလေးအား အသက်ရှုကြပ်သည်အထိနမ်းရှိုက်ပစ်လိုက်တော့သည်။

သူလွှတ်ပေးသည့်အချိန် ရှင်းချန်ခမျာ ငါးလေးတစ်ကောင်ကဲ့သို့ အသက်လုရှုနေရပြီး ၄င်း၏ပါးပြင်လေးနှစ်ဖက်က ဖိညှစ်မှုကြောင့် ရဲတွတ်နေ၏။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now