Extra

360 28 0
                                    

Unicode

"ကိုကို!!"
"ဝန်းလေး မပြေးနဲ့လေ ချော်လဲ..."
"အ!"
"ဝန်းလေး ရရဲ့လား ဘယ်နားထိသွားသေးလဲ"
"ရတယ် ဘာမှမဖြစ်ဘူး ဟီးဟီး"

အိမ်ထဲဝင်မလို့ခြံတံခါးဖွင့်တုန်းပဲရှိသေးသည် အထဲကနေအသံတဆာဆာနဲ့ပြေးထွက်လာတဲ့ချစ်ရတဲ့သူ ချော်လဲမှာစိုးလို့ပြောလို့တောင်မဆုံးသေး  သူကချော်လဲပြီးနေပြီ အခုနောက်ပိုင်းတိုးလာတဲ့အကျင့်တစ်ခုကတော့ ဝန်းလေးနဲ့တူတူရှိနေရင်အမြဲသတိထားနေရတာပဲ မဟုတ်ရင်ခြေချော်လက်ချော်နဲ့တစ်ခုမဟုတ်တစ်ခုအမြဲဖြစ်တတ်လို့ အခုလည်းကြည့်ကိုယ်ကစိတ်ပူပြီးပြေးလာတာသူကတော့ရယ်နေလေရဲ့ တကယ်ကိုအဆိုးလေးပါဆို

သူတို့တူတူနေတာတစ်နှစ်လောက်ပင်ရှိတော့မည် အိမ်ကတော့ဝန်းလေးမွေးနေ့လုပ်ပေးတဲ့နှစ်ထပ်အိမ်မှာပဲပေါ့ ဒီတစ်နှစ်အတွင်းကိုလည်းအဲ့ကလေးက ချွဲနည်းမျိုးစုံ ကလိနည်းမျိုးစုံနဲ့တစ်နေ့တစ်မျိုးမရိုးရအောင်ကိုလုပ်နေတာ ပုံမှန်အချိန်ဆိုကျွန်တော်ဆိုပြီးပြောပေမယ့် သူချွဲချင်တဲ့အခါကျရင်ဝန်းလေးဆိုပြီးဖြစ်သွားလေရော တစ်ခါတစ်လေကျရင်လည်းလိုချင်တဲ့မရလို့ဂျီတိုက်တဲ့ကလေးလိုမျိုးရစ်တာကလည်းရှိသေးသည် ဒီတစ်နှစ်အတွင်းသိလိုက်ရတာ သူရည်းစားရတာမဟုတ်ပဲနဲ့ကလေးတစ်ယောက်ရတာဖြစ်နေသည်ကိုပင်

ကလေးတွေထက်လည်းဆိုးသည်မို့ ငါးရက်လောက်လေးမတွေ့ရတာတောင်စိတ်မချဖြစ်နေတာကြောင့် ဂျယ်ယွန်းတို့ကိုအပူကပ်ပြီး ဝန်းလေးကိုလာလာကြည့်ခိုင်းရသည် အရေးကြီးတဲ့အလုပ်သာဖြစ်မနေဘူးဆိုရင် ဝန်းလေးကိုတစ်ယောက်တည်းထားခဲ့ပြီး သွားမှာမဟုတ်ဘူး တစ်ယောက်တည်းထားခဲ့ဆိုလို့လည်း တူတူသွားဖို့ခေါ်တာကို သူ့ကြောင့်အလုပ်ရှုပ်မှာစိုးလို့ဆိုပြီးမလိုက်ဘူးတဲ့လေ သူမလိုက်တာကမှပိုပြီးအလုပ်ရှုပ်တာကိုတော့သူမသိဘူးလေ

"သတိထားမှပေါ့ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"
"ဖြစ်လည်းကိုကိုရှိနေတာပဲကို ဘာမှမဖြစ်ဘူး"
"ထ အိမ်ထဲသွားမယ်"
"ခြေထောက်ကနည်းနည်းနာလာသလိုပဲ လမ်းမလျှောက်နိုင်တော့ဘူး"

Sweet Love [Complete]Where stories live. Discover now