9

290 25 0
                                    

Unicode

တကယ်လည်းပြဿနာရှာမလို့ ထွက်လာရခြင်းပင် ယန်းဂျောင်ဝန်းကိုကျောချင်တာလား ရမယ်မထင်နဲ့လေ ဘာလဲဒီလူကြီးက သူများကိုပြောချင်သလိုတွေပြော ရင်တွေခုန်အောင်လုပ်ထားပြီးကာမှ လက်ထပ်မယ်တဲ့လား ရမယ်ထင်နေတာလား တွေ့ကြသေးတာပေါ့ပတ်ဂျေးရှီး

ဂျောင်ဝန်းအခုရောက်နေတဲ့နေရာဟာဆိုရင် ဂျေးတို့မင်္ဂလာပွဲပြုလုပ်နေတဲ့နေရာပင် ပွဲကတော့စနေပြီထင်တာမလို့ ရင်ထဲထိတ်ကနဲဖြစ်သွားတာတော့အမှန် အကယ်၍များပွဲသာပြီးသွားခဲ့ပြီးသူလာတာသာနောက်ကျသွားခဲ့မယ်ဆိုရင် တော်ပါ စဥ်းတောင်မစဥ်းစားချင်ဘူး ကံကောင်းတယ်ပဲပြောရမလား ကံမကောင်းဘူးပဲပြောရမလားတော့မသိတော့
ကံကောင်းတာကတော့ပွဲကအခုမှစရုံစသာဖြစ်ပြီး ကံမကောင်းတာကတော့ အဲ့လူကြီးကအဖြူရောင်သတို့သားဝတ်စုံနဲ့တော်တော်ကိုလိုက်ဖက်နေပြီးတော့ ဆံပင်ကိုလည်းပုံမှန်လိုပဲသပ်သပ်ရပ်ရပ်လုပ်ထားတာမလို့ တော်တော်ချောနေတာတော့အမှန်ပင် ပြဿနာရှာမယ်ဆိုပြီးအားခဲထားသမျှတောင်ဘယ်ရောက်ကုန်လဲမသိဘူး အခုချိန်ထိုင်ငိုချင်တာပဲသိတယ်

"ပတ်ဂျေးရှီး!!"
"ဝန်း ဝန်းလေး မင်းကဒီကိုဘယ်လို"
"ကိုကိုကအဲ့လိုလုပ်လို့ရမယ်ထင်နေတာလား"

သူရောက်လာတာကိုအဲ့လူကြီးပင်မဟုတ်ပဲ သတို့သမီးရော ဘေးနားမှာရှိနေတဲ့ဂျယ်ယွန်းဟျောင်းတို့ပါအံ့သြသွားပုံရပေမယ့်လည်း ပိုအံ့သြတာကတော့ကိုယ့်ကိုကိုယ်ပင် ကိုယ့်ပါးစပ်ကထွက်သွားတဲ့စကားကိုပင် မယုံနိုင်စရာကောင်းလှသည် ကိုကိုတဲ့ အမလေးယန်းဂျောင်ဝန်းရယ် မင်းကတော့လုပ်လိုက်ရင်အရာရာနဲ့အကြောင်းအကြောင်းကြောင်းပဲ

"ဟင် ဘာကိုပြောနေတာလဲ"
"ဒီမှာ အစ်မ သူများလူကိုယူဖို့မစဥ်းစားပါနဲ့"
"အယ်"
"ဝန်းလေး"
"ဘာကို ဝန်းလေးလဲ လုပ်ချင်ရာလျှောက်လုပ်မနေနဲ့ လုပ်လိုက်ရင်လည်းရိုက်ပေါက်ကြီးပဲ တကယ်ကိုပိတ်ကုတ်ချင်စရာ"
"တကယ့်ကြောင်လေးပဲ"
"ဗျာ!! ဒီမှာအစ်မ ဘယ်သူ့ကိုကြောင်လို့ပြောနေတာလဲ"

လူကနဂိုတည်းကနေသူ့ကိုဒေါသထွက်နေတာပါဆိုနေ ဘာတဲ့လူကိုပြောသွားတာ ကြောင်တဲ့လား အဟက် ခြောက်ချက်လောက်မျက်နှာကိုဆွဲကုပ်ထည့်လိုက်ရ ထိုင်ငိုသွားမယ်

Sweet Love [Complete]Where stories live. Discover now