I lost myself in loving you

375 69 8
                                    

"အဲ​တော့ မင်းက အလုပ်ရသွားတာလား"

"အင်း ငါလည်း ရမယ်လို့မထင်​ထားဘူး။
မ​နေ့ကမှ email ​ရောက်လာတာ
​လူ​တွေ့​တော့​ဖြေရဦးမယ်ထင်တယ်"

အရင်တစ်​​ခေါက်က ​လျှောက်ထားတဲ့ အလုပ်က ပထမအဆင့် ​လျှောက်တာ​အောင်သွားပြီး
အခု​တော့ လူ​တွေ့စစ်​ဆေးတာ လာ​ဖြေဖို့​
ခေါ်​ထားတာဖြစ်သည်။

"သွား​လေ ​အောင်သွားရင်မိုက်ပြီ ဟိုမှာက
လခလည်းမဆိုးဘူး"

သူငယ်ချင်း​ပြောတာကို ရစ်ခီသည် ​​
ခေါင်းငြိမ့်လက်ခံမိသည်။ တကယ်လည်း
ဒီအလုပ်က လစာ လည်းမဆိုး​ပေ။
ရစ်ခီ ​မေဂျာနဲ့ ကိုက်တဲ့အလုပ်လည်းဖြစ်သည်။

"​အေး ဒါ​ပေမဲ့"

ရစ်ခီသည် ​တွေ​ဝေ​နေမိသည်။အဲတာကလည်း တခြားအ​ကြောင်းရင်းမဟုတ် ဂယူဗင်း​ကြောင့်ပဲဖြစ်သည်။ အလုပ်ကရသွားရင် ဟိုမှာသွား​နေရမှာ။အဲဒါဆို ဂယူဗင်းနဲ့ သူနဲ့က ခွဲ​နေရ​တော့မှာ။ ရစ်ခီသည် ယုံကြည်ချက်​ကောင်း​ကောင်းမရှိ​​ပေ။

"ဘာ​တွေ အဲ​လောက်စဥ်းစား​နေတာလဲ ဒီ​လောက်​ကောင်းတဲ့အခွင့်​ရေးကို  ဟို​ကောင်​ကြောင့်လား?"

"မင်းကလည်းဟို​ကောင် ဟို​ကောင်နဲ့
မ​ပြောစမ်းပါနဲ့ကွာ"
ရစ်ခီသည် ဂယူဗင်းကို အဲလို​ခေါ်တာ သ​ဘောမကျ။

ပိုလိုက်တာဆိုသည့် မျက်နှာ​ပေးနဲ့ အကြည့်ခံရလည်း
ရစ်ခီသည် ပြန်ပြီးမတုံ့ပြန်နိုင်​သေး။

"ကင်ဂယူဗင်း သိလား မင်းအလုပ်​လျှောက်တာကို"

"မသိဘူး ငါမ​ပြောရ​သေးဘူး"
ရစ်ခီသည် သက်ပြင်းချမိသည်။

"မင်းတို့ကလည်း မပွင့်တပွင့်နဲ့ ကင်ဂယူဗင်းကို
သွား​ပြောပြ​လေ ဒါမျိုးက မင်းတို့နှစ်​ယောက်ဆုံးဖြတ်ရမှာ ဘာ​တွေမှန်းမသိဘူး  ငါ​တောင်
မင်းအစားစိတ်​မောတယ်"

သူငယ်ချင်းက အားမလိုအားမရဖြစ်တာထက် ရစ်ခီ ကိုယ်တိုင်ကလည်း အားမလိုအားမရဖြစ်သည်။
တကယ်လို့များ ဂယူဗင်းက ခွင့်ပြုလိုက်ရင်။
သူတို့ ဘယ်​တော့မှ ထပ်မဆုံဖြစ်ခဲ့ကြရင်။

When will you come back <3Where stories live. Discover now