High on life

547 64 5
                                    

"ဖုန်းမကိုင်ဘဲ ဘာ​တွေလုပ်​နေမှန်းမသိဘူး"

ကုတင်​​ဘေးက နာရီ​ကို လှမ်းကြည့်​တော့
မနက်၇နာရီခွဲ။ဂယူဗင်းအတွက်​တော့
ဒီအချိန်ဟာ ​စောလွန်းသည်။ပြန်ပြီးလည်း
အိပ်လို့မ​ပျော် ​ခေါင်းမကြည်ရတဲ့ထဲ. ရစ်ခီကပါ ​
ဖုန်းမကိုင်​တော့ စိတ်ပါမကြည်။

ဖုန်းမကိုင်လည်း ​နေ​​ပေါ့ ဆိုသည့် စိတ်နဲ့ ဟိုဟိုဒီဒီ
ဖုန်းသုံး​နေမိသည်။ ရစ်ခီ နဲ့ အတန်း​ဖော်သူငယ်ချင်းတချို့ ရိုက်ထားသည့် ပုံကိုမြင်​တော့ ဂယူဗင်း
စိတ်ထဲ ​ထောင်းခနဲ။ ခုနကအထိ ရစ်ခီ အ​ကောင့်ထဲ၀င်ကြည့်​တော့ ရစ်ခီက ဘာမှမတင်ထား။အခု
ပိုစ့်ကလည်း အ​ကောင့်ပိုင်ရှင် (ဂယူဗင်းနဲ့ ရစ်ခီအတန်း​​ဖော်) တင်ထားမှ ​တွေ့ရသည်။

အတန်းရဲ့ gp chat ကိုသွားရှာကြည့်​တော့
နိုတီ​တွေ များစွာတက်​နေ​ပေမဲ့ ဂယူဗင်းက
၀င်မဖတ်ထား​ချေမရှိ။သူ ကိုယ်တိုင်ကိုက အစကတည်းက gp chat ကို mute ထားခဲ့မှန်းသတိရ​တော့ အလိုမကျတဲ့ စိတ်​တွေက နှစ်ဆ။

***
"ဘယ်သူဖုန်းကို ​မျှော်​နေတာလဲ သား"

"ဘယ်သူကိုမှမ​မျှော်ပါဘူး"
ဂယူဗင်းသည် မလုံမလဲ ဖုန်းကို ပစ်ချမိသည်။

"ကိုကိုက ဘယ်သူကိုမှမ​မျှော်ဘူးသာ​ပြောတယ်
စလာကတည်းက အဲဖုန်းကိုပဲကြည့်​နေ"

"က​လေးက ​နေရာတကာပါပြန်ပြီ"

မျက်နှာမဲ့ပြသည့် ညီမ​လေးကို ဂယူဗင်းက
စ​နောက်ဟန် ဆူသည်။ မာမီက​တော့
သူတို့​မောင်နှမနှစ်​ယောက် ရန်ဖြစ်တာကို
ကြည့်ပြီး တပြုံးပြုံး။ အဲအချိန်မှာ​တောင် ဖုန်းဆီ
အကြည့်​ရောက်ချင်တယ် ကိုယ်ကိုယ်ကို
မနည်းပြန်ထိန်းထားရ​ကြောင်း ကာယကံရှင်ဖြစ်တဲ့ ဂယူဗင်းက အသိ။

"မာမီ မီး အိမ်စာသွားလုပ်လိုက်ဦးမယ်"

မာမီကို​တော့ ​ဘာလုပ်မယ်ဖြစ်​ကြောင်း
အသိ​ပေးသွားကာ ဂယူဗင်းကို​တော့ လျှာထုတ်ပြသွားသည်။ကူရှင်နဲ့ ပစ်​ပေါက်မယ် ရွယ်​​တော့
အ​ပေါ်ထပ်ကို ​ပြေးတက်သွားတာများ လစ်ကနဲ။

"မာမီ အဲ​ကောင်မ​လေးကို ကြည့်ကျပ်အလိုလိုက်​နော်
မိန်းက​လေးဖြစ်ပြီး ဘယ်လိုမှန်းကိုမသိဘူး"

When will you come back <3Where stories live. Discover now