Because I'm Stupid

492 68 4
                                    

စူးရှသည့် အလင်း​ရောင်၊ပိုးသတ်​ဆေးအနံ့ နဲ့
လူ​တွေရဲ့ စကား​ပြောသံ​။ထိုအရာ​တွေအကုန်လုံးကို ရစ်ခီ ခံစားရသည်။ မျက်လုံးဖွင့်​တော့
အလင်း​ရောင်ကစူးလို့ ​ကောင်း​ကောင်းမဖွင့်နိုင်။​

"နိုးပြီလား"

"အင်း"

လည်​ချောင်းသံနဲ့သာ အသံပြုလိုက်သည်။​
ခြောက်​သွေ့​နေသည့် လည်​ချောင်း​ကြောင့်
စကား​ကောင်း​ကောင်းမ​ပြောနိုင်။

​ရေခွက်ကမ်း​ပေး​တော့ ​ရေတစ်ငုံ​သောက်လိုက်သည်။
ခဏအားယူပြီး

"ဘယ်နှစ်နာရီရှိပြီလဲ"

"​​ ၁ နာရီ​လောက်ရှိပြီ ဆရာ၀န်က
အနားယူဖို့​ပြောတယ်"

"​ကျေးဇူးပဲ ငါကိုလာကူ​ပေးလို့ "

"မလိုပါဘူး မင်းသာ အစားပုံမှန်စား၊ ​နေပါဦး
ဘာ​တွေများစားလိုက်လို့ ဒီ​လောက်ထိဖြစ်သွားတာလဲ ကြည့်ကြပ်​နေ ​နောက်ဆို အစာအိမ်​ပေါက်မယ် "

စိုးရိမ်​နေသည့် သူငယ်ချင်းကို ကြည့်ပြီး
ရစ်ခီသည် ရယ်သည်။

"အခန့်မသင့်လို့​နေမယ်"

"ဟုတ်မှာ​ပေါ့ ​​​အခု​​တော့ မင်းအစာ​ပျော့​တွေပဲ
စားရမယ်တဲ့"

"ဆန်ပြုတ်​တော့ မ​သောက်ချင်ဘူး"
ရစ်ခီသည် နှာ​ခေါင်းရှုံ့သည်။

"ဆန်ပြုတ်ပဲ ၀ယ်ထားတာ ငါလည်း"

ရစ်ခီ စားပြီး ​ဆေး​သောက်ပြီးသည်အထိ
​စောင့်​​ပေးသည်။​ဆေးသွင်းထားတာကုန်သည့်အခါ
ရစ်ခီ သည်​ဆေးရုံဆင်းလာခဲ့သည်။

​"တော်​သေးတယ်​ပြောရမယ် ဘာမှ ကြီးကြီးမားမားဖြစ်မသွားတာ"

"အင်း ဒီ​လောက်ထိလာကူ​ပေးလို့ ​ကျေးဇူးပဲ​"

ရစ်ခီသည် ​ကျေးဇူးတင်​စကား​ပြောလိုက်​ပေမဲ့
ရှိုးတိုးရှန်းတန်း။သူငယ်ချင်းအချင်းချင်း
ဒီလိုစကား​​ပြောရတာ နည်းနည်း​တော့ ခက်ခဲသည်။

"​ကျေးဇူးတင်ရင် တစ်ခုခု​လောက်​တော့ ​ကျွေးလိုက်"

"ဘာမှ​တော့ မ၀ယ်ထားဖူး ငါတို့ မှာစားကြရင်​ရော"

When will you come back <3Where stories live. Discover now