"ဟူး"
ရစ်ခီ ကြောင်တောင်တောင်နိုင်စွာ ဘေးဘက်
ဝဲယာ ကိုလှည့်ကြည့်တော့လည်း ပွဲထဲမှာ
အသိဟူ၍ တစ်ယောက်မှမရှိ။ အနေရခက်စွာ
လုပ်မိလုပ်ရာ လုပ်ကြည့်တော့ လက်ချောင်းကိုသာ ဆွဲဆိတ်မိသည်။ ဘေးကပိုင်ရှင်မဲ့နေသော
ထိုင်ခုံကို ကြည့်မိတော့ ရင်လေးနေမိသည်။အခုနေများ ပွဲထဲက တစ်ယောက်ယောက်က
လာနှုတ်ဆက်ပြီး အမေးစကားဆိုရင်
ဘယ်လိုပြန်ဖြေရပါ့မလဲ။"ရစ်ခီ"
ရစ်ခီ လှမ်းကြည့်လိုက်တဲ့အခါ မြင်လိုက်ရတာက
ဂယူဗင်း နဲ့တွဲမြင်ရသည့် ကျက်သရေရှိသည့် အမျိုးသမီးတစ်ယောက်။ရစ်ခီ ကြောက်လန့်တကြား အသက်ပင်အောင့်မိ
သွားသည်။အောက်နှုတ်ခမ်းကိုဖိကိုက်မိပြီး
လက်လေးနှစ်ဖက်ကို ယှဥ်ရပ်ကာ နှုတ်ဆက်သည့်
အနေနဲ့ ခါးလေးကိုင်းသည်။"မင်္ဂလာပါအန်တီ တွေ့ရတာ၀မ်းသာပါတယ်"
" အေး သားလေးက ဂယူဗင်း သူငယ်ချင်းမလား"
ရစ်ခီသည် ဘာပြန်ဖြေရမလဲ မသိလို့ ဂယူဗင်းကို ကြည့်သည်။ ဂယူဗင်းကတော့ သူ့ပုံစံအတိုင်း ရှုတည်တည်နဲ့ ရစ်ခီကို တစ်ချက်ပြန်ကြည့်သည်။
"မာမီ သူကရစ်ခီလေ "
မာမီသည် ဂယူဗင်း အကြောင်းသိသူပီပီ
ဂယူဗင်းကို ဘာမှမပြော။ ဂယူဗင်းကလည်း
မာမီ ရိပ်မိနေမှန်းသိပေမဲ့ ဘာမှမခံစားရ။"သားလေး ထိုင်နှင့်နော် အန်တီက ဟိုဘက်မှာ
အသိတွေရှိလို့ သွားထိုင်မှာ သားတို့သူငယ်ချင်း
တွေတူတူထိုင်ကြ"မျက်နှာမကောင်းသည့် ဂယူဗင်းကြောင့်
ရစ်ခီသည်
စကားများများ မပြော။ဂယူဗင်းဆီက
"ပွဲတစ်ခုသွားဖို့ရှိတယ် မောင်နဲ့လိုက်ခဲ့"
ဆိုတဲ့ စာလေးတစ်စောင်ကြောင့် ရစ်ခီ သည်
အရူးတစ်ပိုင်းဖြစ်ခဲ့ရသည်။အခုလည်း "အောက်မှာ
မာမီရောက်နေလို့ သွားခေါ်လိုက်ဦးမယ်" ဆိုတဲ့ စကားကို ကြားကြားချင်း ရစ်ခီ သွေးတွေဟာ ပြောင်းပြန်စီးသွားသလား ခံစားရသည်။အခုတော့လည်း ဒီခံစားချက်တွေက တစ်ခဏတာ။
ဘာမှ ဆက်မဖြစ်လာ။
YOU ARE READING
When will you come back <3
Fanfiction'သို့ ဂယူဗင်း ' အနှောင့်ယှက်မဖြစ်ဘူးဆိုရင် သူငယ်ချင်း အဖြစ်ကနေ အဆင့်တက်ခွင့်လေးများ ရနိုင်မလား '