အပိုင်း - ၄၃

Start from the beginning
                                    

ကိစ္စက စိုက်ပျိုးမြေကွက်ဝယ်ရန်။
သူ(မ)တို့ထံ၌ အိမ်နှင့်ခြံ၊ ပွဲရုံတို့ကိုရောင်းရသည့်ငွေက သိန်းပေါင်းထောင်ဂဏန်းကျော်ရထား၏။

ပိုက်ဆံထုပ်ကို လက်ထဲတွင်ကြာကြာမထားချင်။

ငွေများများမြင်လျှင် သုံးမိတတ်သည့်အကျင့်ကြောင့် တတိတိနှင့် ပျောက်ပျက်သွားမည်စိုး၍ အခြေမပျက်စေရန် ဝယ်သင့်ဝယ်ရာဝယ်ထားမှဖြစ်မည်။

ထို့ကြောင့် အိမ်နှင့်ခြံကိုဝယ်ပြီး ပိုနေသည့်ရာဂဏန်းအတော်များများကို စီးပွားရေးအတွက် မြှုပ်နှံရန်တွေးထားခြင်း။

သို့သော် ပွဲရုံလုပ်ငန်းကို ဆက်မလုပ်ချင်၍ သူ(မ)တွေးမိသည်က ပုပ္ပားမှ သစ်သီးခြံအချို့ဝယ်ထားမည်ဟုသာ။

ခြံထဲ၌ နဂါးမောက်၊ ငှက်ပျောနှင့် မာလကာစိုက်ရန်စိတ်ကူးထားသည်။

ထို့ပြင် ကျန်ငွေကိုမြို့ထဲ၌ဆိုင်ခန်းငှားကာ ဒေသထွက် အမှတ်တရပစ္စည်းအချို့ရောင်းရန် အရင်းနှီးလုပ်ထားလိုက်မည်။

အေးချမ်းမေသူ့အတွေးမဆုံးမီ အိမ်တစ်အိမ်ရှေ့အရောက် နီနီက ခြေလှမ်းရပ်သွား၍ သူ(မ)ပါ ကိုယ်ရှိန်သတ်လိုက်ရသည်။

ကြည့်ရသည်မှာ စိုက်ပျိုးမြေရောင်းမည့်သူ၏ အိမ်ဖြစ်မည်ထင့်။

" အစ်မထွေးရီ အို အစ်မထွေးရီရေ "

" ဪ ဘယ်သူများလဲမှတ်တယ် နီနီ လာခဲ့လေကွယ် "

သုံးပင်အိမ်လေးထဲမှ လုံးကြီးပေါက်လှ အသားညိုညက်ညက်နှင့် အမျိုးသမီးတစ်ဦး ထွက်လာကာဧည့်ဝတ်ပြု၏။

လက်ထဲ၌လည်း ယောက်မကြီးတစ်လက်ကိုကိုင်လာ၍ ကြည့်ရသည်မှာ ထမင်းချက်နေပုံပင်။

" ဟုတ် အစ်မထွေးရီ လာ မမမေသူ "

နီနီက သူ(မ)လက်ကိုဆွဲကာ အိမ်ထဲဝင်လိုက်ပြီး တန်းလျားလေးပေါ်ဝင်ထိုင်လိုက်သည့်အခိုက် ထွေးရီဆိုသည့် အမျိုးသမီးက ရေနွေးဓာတ်ဘူးနှင့် မုန့်များချပေးလာသည်။

မုန့်ကအထွေအထူးမဟုတ်။
ခြံဖြစ်ငှက်ပျောခြောက်ကျော်နှင့် နဂါးမောက်သီးများပင်။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now