တုန်အာက သူမရဲ့နှုတ်ခမ်းတွေကို ဖွင့်ဟပြီး ပြောလိုက်တယ်။

"ငယ်ရွယ်တာက ဘာအသုံးကျမှာလဲ။ သူမက ဒီမှာ သီလရှင်ဖြစ်နေပြီ။ သူမရဲ့ လက်ကျန်ဘဝကို ဘုရားဝတ်ပြုတာကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ဘူး။ သူမက အသားစားလို့လဲ မရတော့သလို ၀တ်စုံလှလှလေး ဝတ်လို့လဲ မရနိုင်ဘူးမလား"

"သူမ အသားစားသလားတော့ ငါ မသိပေမဲ့ ငါတို့နှစ်ယောက်ထကတော့ သူမက ပိုစားလိမ့်မယ်။ သူမက ဝတ်စုံလှလှလေး ဝတ်ဝတ်၊ မဝတ်ဝတ်၊ သူမရဲ့ ခြုံထည်က ငါတို့ထက်တော့ ပိုထူတယ်။ "

ကျန်းလီက ပြန် ပြောလိုက်တယ်။

"မုန်းစရာကောင်းလိုက်တာ"

တုန်အာက ဒေါသထွက်သွားခဲ့တယ်။

ကျန်းလီက သူမကို ဆက်ရှင်းပြခဲ့တယ်။

"ဒါတင်မကသေးဘူး၊ သူမက လက်ဝတ်ရတနာ မဝတ်ထားပေမဲ့၊ ယန်ကျင်းရဲ့ နွေဦး တရုတ်ဆီးသီး အလုပ်ရုံရဲ့ အလှကုန်တွေ၊ အနီရောင် အိမ်တော်ရဲ့ ငွေရောင်အိတ်မွှေးဆီ၊ မွှေးရနံ့စံအိမ်တော်ရဲ့ ပန်းဆီမွှေးကိုလည်း သုံးတယ်။"

တုန်အာရဲ့ မေးရိုးတွေက ပြုတ်ကျလာပြီး အချိန်အတော်ကြာမှ သူမက ပြောလာခဲ့တယ်။

"ဒါက၊ ဒါက အရမ်းကို ဆန်းကြယ်လွန်းတယ်။ အဲဒါက မဖြစ်နိုင်ဘူး"

သူမက အာရုံ ပြန်စုစည်းမိပြီး တောက်ပတဲ့မျက်လုံးတွေနဲ့ ကျန်းလီကို စိုက်ကြည့်လိုက်တယ်။

"သခင်မလေးက ဘယ်လိုသိတာလဲ"

ကျန်းလီက နှာခေါင်းကို လက်ညိုးထိုးပြပြီး ပြောလိုက်တယ်။

"အနံ့ရတယ်လေ"

"သခင်မလေး အနံ့ရတာကို ဒီအစေခံက သိပါတယ်။ ဒါပေမဲ့ ယန်ကျင်းရဲ့ နွေဦး တရုတ်ဆီးသီး အလုပ်ရုံရဲ့ အလှကုန်တွေ၊ အနီရောင် အိမ်တော် ရဲ့ ငွေရောင်အိတ်မွှေးဆီ၊ မွှေးရနံစံအိမ်တော်ရဲ့ ပန်းဆီမွှေးကို ဘယ်လိုသိတာလဲလို့ မေးချင်တာ။

ကျန်းလီက တကယ်ကို သူမသိနေခဲ့တယ်လို့ တွေးနေခဲ့မိတယ်။ ရှန်းယွီရုန်နဲ့ လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာတဲ့ အချိန်မှာ၊ တုန်ရှန်း ခရိုင်ငယ်လေးက မိန်းကလေးတစ်ဦးမို့ သူမကို ရှန်းမိသားစုက မထီမဲ့မြင် ပြုခဲ့ကြတယ်။ အမျိုးသမီးဆွေမျိုးအချို့နဲ့ ရှန်းယွီရုန်ရဲ့မိခင်ကပင် သူမကို အထင်သေးခဲ့ကြတယ်။ သူမက ရှန်းယွီရုန်ကို အရှက်ရစေမှာကို ကြောက်ရွှံ့ခဲ့တယ်။ ဒါကြောင့် သူမက ယန်ကျင်း မြို့က သခင်မကြီးတွေနဲ့ သခင်မလေးတွေရဲ့ ရေပန်းစားတဲ့အဝတ်အစားတွေ၊ အသုံးအဆောင် ပစ္စည်းများကို လေ့လာဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ သူမရဲ့ လေယူလေသိမ်းကိုတောင်မှ ဖြည်းဖြည်းချင်း ပြုပြင်ခဲ့တယ်။

သူမက အမြဲတမ်း လျင်မြန်စွာ သင်ယူတတ်သူ ဖြစ်ခဲ့တယ်။ သူမက မိန်းကလေး မဟုတ်ပါက ရွှီကျောကနဲ့ အတူ ရွှီ မိသားစုရဲ့ နာမည်ကို ကျော်ကြားလာစေလိမ့်မယ် ဆိုပြီး ရွှီဟိုင်ယန်က တစ်ခါ ပြောခဲ့ဖူးတယ်။

တောင်အောက်ကို ၇ နှစ်လောက် မသွားခဲ့တဲ့ ဒုတိယသခင်မလေး အတွက် ဒီထုတ်ကုန်တွေကို ခွဲခြားဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူမက အဲဒါတွေကို တိတိကျကျ ခွဲခြားနိုင်ခဲ့တယ်။

ကျန်းလီက ပြောတယ်။

"အမှန်ပဲ၊ အဲဒါတွေကို ငါ ခွဲခြားနိုင်တယ်။ "

တုန်အာက အဲဒါကို စဉ်းစားပြီးတော့ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု ထွက်လာခဲ့တယ်။

"ဖြစ်နိုင်တယ်။ သခင်မလေးက သိတယ်။ ကျန်းမိသားစုက ဒါတွေကို နေ့တိုင်းသုံးတာ၊ အဲဒါတွေနဲ့ ရင်းနှီးနေတာက အကြောင်းပြချက် မရှိတော့ပါဘူး"

သူမပြောပြီးတော့၊ သူမက ဝမ်းနည်းနေခဲ့တယ်။

"ပြောရရင် သခင်မလေးက ကျန်း မိသားစုက ထွက်လာတာကြာပြီ"

"တုန်အာ၊ နင် ယန်ကျင်းကို ပြန်ချင်လား"

ကျန်းလီက သူမကို ဖြတ်မေးလိုက်တယ်။

တုန်အာရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး ချက်ချင်း သူမရဲ့ခေါင်းကို ယမ်းလိုက်တယ်။

"မပြန်ချင်ဘူး။ တုန်အာက သခင်မလေးနဲ့ပဲ နေချင်တယ်။ သခင်မလေး သွားတဲ့ နေရာတိုင်း၊ တုန်အာ သွားမယ်"

ကျန်းလီက ပြုံးပြီး ပြောလိုက်တယ်။

"ကောင်းပြီလေ၊ သိပ်မကြာခင် ငါတို့ ပြန်ကြမယ်"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းOnde as histórias ganham vida. Descobre agora