🔥 18 🔥 (18+)

Start from the beginning
                                    

" ကိုကိုက ယွန်းဝူဖိတ်တာကျမလာဘူး "

" ဟန်ဆိုဟီး ..ဟိုတစ်ယောက်ရော "

ကင်မ်ထယ်ယောင်း ဟန်ဆိုဟီးကို ကြည့်ကာ မေးလိုက်သည်။  လီယွန်းဝူနည်းနည်းတော့ ဒေါသထွက်သွားသည်။ လစ်လျူရှုထားခြင်းကို ခံလိုက်ရတာ ။

" ကားပေါ်မှာပဲ စောင့်နေမယ်တဲ့ "

ထိုအခါ ကင်မ်ထယ်ယောင်းက လီယွန်းဝူကို ကြည့်လိုက်ပြီး

" သူတစ်ခုခုဖြစ်လို့လား ?"

လီယွန်းဝူသည် ကင်မ်ထယ်ယောင်းနဲ့အကြည့်ပြိုင်လိုက်သည်။ ဟန်ဆိုဟီးဘက်က   တစ်ခုခုပြောလိုက်ရင် ကိုကိုဘာလုပ်မလဲ ? ။ တမင်တကာ လောင်းချလိုက်တယ်လို့ ပြောရမလား ...၊ လီယွန်းဝူထက် ဘာတွေသာနေလို့လဲ မေးလိုက်ရမလား ..? ။ အရင်တစ်ခါကလို ကိုကို့ရဲ့ဒယ်ဒီမောင်းထုတ်တိုင်း ထွက်သွားမှာတော့ မဟုတ်ဘူးနော် ။ ကိုကို့ကို အရယူပြီးမှ သွားမယ် ။

"မဟုတ်ပါဘူး ၊ ကားပေါ်မှာပဲ စောင့်ချင်တယ်ဆိုပြီး ထွက်သွားတာပါ "

လီယွန်းဝူကို ကြည့်နေရင်းကနေ အကြည့်လွှဲပြီး မင်ဟိုဘက်လှည့်ကာ

" သွားပြီ ..မအားရင်တော့ မလာသေးနဲ့အုံးပေါ့ ..ဘာလို့လဲမေးရအောင်လည်း မင်းကငမွဲမဟုတ်တော့ မမေးတော့ဘူး ၊ ကိစ္စကြီးတွေ အကူအညီလိုရင် ဖုန်းချက်ချင်းဆက်ပေါ့ "

" အေးပါ "

မင်ဟိုကိုရော ဟန်ဆိုဟီးကိုပါ နှုတ်ဆက်ပြီး ကင်မ်ထယ်ယောင်း ထွက်လာခဲ့တော့သည် ။ ကားဆီတောင်မရောက်သေး သူ့လက်ကို ဖမ်းဆွဲတဲ့လူကြောင့် ကင်မ်ထယ်ယောင်းတစ်ချက်ကြည့်ရင်း

" What do you want?"

လီယွန်းဝူက ကင်မ်ထယ်ယောင်းရဲ့အမေးကြောင့် ကင်မ်ထယ်ယောင်းနားနားကို ကပ်ကာ

" You.. "

ဆိုကာ နားကိုမထိမတိနမ်းလိုက်သည်။ ကင်မ်ထယ်ယောင်းသည် ခြေတစ်လှမ်းဆုတ်လိုက်သည်။ ပြီးတော့ လီယွန်းဝူရဲ့ ပုခုံးတစ်ဖက်ကို လက်တင်ပြီး အားကို လိုအပ်သည်ထက်ပိုသုံးပြီး ညှစ်လိုက်သည် ။

" အား ..."

လီယွန်းဝူသည် ကင်မ်ထယ်ယောင်းက ပုခုံးကိုညှစ်လိုက်တာကြောင့် မျက်ရည်ဝဲရသည့်အထိ နာကျင်သွားလေသည် ။

" Bad Husband" ( Complete)Where stories live. Discover now