Part [1.1] Z+U

3.1K 61 0
                                    

Sponsor

[ Part 1.1 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve

နူးညံ့လှတဲ့ ကော်ဇောပေါ်ကို ခြေချပြီး လျှောက်လှမ်းလာတဲ့ သူ့ရဲ့ခြေလှမ်းတွေက အနည်းငယ် အားပြင်းပေမဲ့ ခြေသံကတော့ တစိုးတစိတောင် ထွက်မလာခဲ့ဘူး။ ဖိနပ်က သားရေနဲ့ပြုလုပ်ထားပြီး မူလပုံစံရဲ့ ဖိနပ်ခုံက မာလို့ အသံထွက်ပေမဲ့ သူ့ရဲ့ဖိနပ်တွေကတော့ နူးညံ့တဲ့ဖိနပ်ခုံနဲ့ ပြန်လည်ပြင်ဆင်ထားတာပါ။
ဒီလို ဇိမ်ခံဖိနပ်တွေက လမ်းလျှောက်ဖို့အတွက် ပြုလုပ်ထားတာမဟုတ်ဘဲ ခြေထောက်တွေကို ကာကွယ်ပေးတဲ့ အဆင်အယင်တစ်မျိုးပါပဲ။ ဒီဖိနပ်တွေက ကြမ်းတမ်းတဲ့ ကြမ်းပြင်တွေမှာ လျှောက်လှမ်းဖို့အတွက် မဟုတ်ဘဲ ကြမ်းတမ်းတဲ့ကြမ်းပြင်တွေပေါ်မှာ လျှောက်လှမ်းခဲ့ရင်တော့ ခြေလှမ်းအနည်းငယ်မှာပဲ ယိုယွင်းပျက်စီးသွားနိုင်ပါတယ်။
ကားက ကျောက်ပြားရဲ့ရှေ့တည့်တည့်မှာ ရပ်လိုက်တယ်ဆိုရင်ပဲ သူက အေးစက်ချောမွေ့တဲ့ ကြမ်းပြင်ပေါ်မှာ ခြေလှမ်းအနည်းငယ်လှမ်းပြီး ဓာတ်လှေကားထဲကို ဝင်သွားလိုက်တော့ အဲ့ဒီနေရာမှာ နူးညံ့လှတဲ့ ကော်ဇောကလွဲလို့ တခြားဘာမှမရှိတော့ဘူး။ နူးညံ့လှတဲ့ဖိနပ်တွေက မာကျောတဲ့ကြမ်းပြင်တွေပေါ်မှာ လမ်းလျှောက်စရာမလိုတဲ့သူတွေအတွက် ကော်ဇောနဲ့ထိတဲ့အသံတောင် မထွက်အောင် ပြုလုပ်ထားတယ်။
ကွက်တိကျနေတဲ့ အနက်ရောင်ဖိနပ်တွေက တံခါးရဲ့ရှေ့မှာ ရပ်လိုက်တော့ တံခါးကို ကြိုဖွင့်ပေးဖို့ စောင့်နေတဲ့လူတစ်ယောက်ရှိပြီး သူက ဘာတစ်ခုမှ လုပ်စရာမလိုပါ။ သူ့ကိုယ်ပေါ်မှာ ရှိတာဆိုလို့ လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီတစ်လုံးရယ် ရှေ့ကအိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ဘောပင်တစ်ချောင်းရယ်သာ။

" ညစာစားပွဲကို VIP အနေနဲ့ ဖိတ်ကြားထားပါတယ် CEO"

စားပွဲခုံပေါ်မှာ ဒီနေ့အတွက် သတင်းစာတွေကို ညီညီညာညာနဲ့ စနစ်တကျ စီရီထားပြီး သူ့ဘေးမှာရပ်နေတဲ့လူရဲ့အနောက်မှာ မြင်လိုက်ရတာက မှတ်တမ်းတွေကို ကိုင်ထားပြီး စကားတပြောပြောနဲ့ အခန်းထဲကို ဝင်လာကြတဲ့လူတွေပါပဲ။
သူက သားရေလွှမ်းထားတဲ့ ခြေထောက်ကို ဆတ်ခနဲ လှုပ်လိုက်တယ်။

SponsorWhere stories live. Discover now