🖤Chapter -11🖤

2.9K 196 28
                                    

>>Unicode >>

🖤DADY🖤

~~~~~~~~~~~~~~

"Dady!"

ခေါ်သံတစ်ခုကြောင့် jk လမ်းလျှောက် နေရာကရပ်ပြီး နောက်ကိုလှည့်ကြည့်လိုက်သည်

"Baby"

jk babyကိုမြင်တော့အံ့သြမိသွားသည် babyက ဒီကိုဘယ်လိုရောက်နေရတာတုန်း..
jimin ကjkအနားကိုလျှောက်လာလိုက်သည်

"baby ဒီကိုဘယ်လိုရောက်နေရတာတုန်း "

"ဒီမေးခွန်းကို သားက မေးရမှာ dady ရော ဘာလာလုပ်တာလဲ "

jimin က dady လက်မောင်းကိုချိတ်ထားတဲ့မိန်းကလေးကိုကြည့်ပြီပြောလိုက်သည်
jk ဘယ်လိုပြောရမှန်းမသိ အဖြစ်အပျက်တွေမြန်ဆန်လို့ babyကိုဘယ်ကစပြောရမှန်းမသိပါ

"အစ်ကို သူ့က ဘယ်သူလဲ?အစ်ကိုအသိလား"

"အင်း ဟုတ်တယ် "

"တွေ့ရတာဝမ်းသာပါတယ် Candyပါရှင့် အစ်ကို နဲ့စေ့စပ်မယ့် မိန်းကလေးပါ"

jimin နောက်ဆုံးကြားလိုက်ရတဲ့စကားကြောင့် သူနားကိုတောင်မယုံကြည်နိုင်ပါ ဘာတဲ့'စေ့စပ်မယ့်မိန်းကလေး..ဟက့် ရီစရာကောင်းလိုက်တာ '

"Dady သူဘာတွေပြောနေတာလဲ"

"Baby dadyနောက်မှရှင်းပြမယ် အခုတော့ ဒီမှာရပ်နေတာမကောင်းဘူး အထဲဝင်ရအောင်"

jk လည်း baby ကိုဆွဲခေါ်ပြီး ဘိုကင်ယူထားတဲ့အခန်းထဲဝင်ထိုင်ခိုင်းလိုက်သည်
jimin မျက်နှာကတော့ တည်တင်းနေသည်

jkနဲ့jimin ကအတူတူထိုင်နေတုန်း candy က jk ဘေးနားလာထိုင်သည် ဒါကိုjimin မြင်တော့ ချက်ချင်းထပြီ တဖက်ခြမ်းမှာထိုင်လိုက်သည် jk ထမယ့်လုပ်တော့ candy က လက်တဖက်ကိုလှမ်းဆွဲထားသည် jimin ရဲ့အကြည့်စူးစူးတွေက တဖက်မိန်းကလေးအပေါ်ကျရောက်သွားသည် jk က candy လက်ကိုဖယ်ထုတ်ပြီး baby ဘေးနားလာထိုင်လိုက်သည်

ထိုနောက် မီးနူးထဲက baby ကြိုက်တဲ့ဟာလေးတွေကိုjk ရွေးမှာလိုက်သည်
ခဏနေတော့ အစားအသောက်တွေလာချပေးတော့သည်
jk က baby ပန်းကန်ထဲကို ပုစွန်အခွံနွာပြီးထည့်ပေးလိုက်သည်

jimin က jk ခွာပေးတဲ့ပုစွန်ကိုယူပြီးစားလိုက်သည် ခုထိတော့ jimin က jk ကိုစကားမပြောပဲ jk ထည့်ပေးသမျှယူစားနေသည်

DADY(Completed )Waar verhalen tot leven komen. Ontdek het nu