🖤Chapter -2🖤

2.6K 187 11
                                    

Unicode >>>>

🖤DADY 🖤

"ကောင်းပြီ ဒါဆို ပြိုင်ပွဲ စကြမယ် "

အခုက jm နဲ့ ဂန်ယွန်း တစ်ယောက် ဆီ ပြိုင်ကြမှာပင် သူတို့နှစ်ယောက်လုံး ဆိုင်ကယ်ပေါ် အသင့်အနေအထား လုပ်ထားလိုက်သည်

3 2 1 Go....

go ဆိုတဲ့ စကားအဆုံး နှစ်သား ပြိုင်တူထွက်သွားကြသည် တစ်ယောက်ကိုတယောက် အနိုင်မခံ အရှုံးမပေးဘဲ ယှဥ်ပြိုင်ကြရာနောက်ဆုံး jm က နှစ်ပွဲဆက်တိုက် အနိုင်ရသွားသည်

"ကဲ ဟျောင့် မင်းကတိအတိုင်း ငါ့ကိုလာရှိခိုး"

ဂန်ယွန်း က မသိသလို နေလိုက်သည် ဒါကို tae က ပြန်ပြောလိုက်သည်

"jm ရာ သူမင်းကို ကြောက်နေလို့ နေမှာပေါ့"

jmတို့ က ဂန်ယွန်းတို့ကိုကြည့်ပြီ ရယ်လိုက်ကြသည်

"ဟေ့ ရပ်လိုက်ကြ! "

jm တို့အသံလာရာ ကြည့်တော့ ရဲတွေ jm ဂန်ယွန်းကိုကြည့်လိုက်တော့ သူကိုပြုံးပြနေသည် jm ဆိုင်ကယ် ပေါ်က ဆင်းပြီ ဆွဲထိုးပစ်လိုက်သည်

"ခွေးမသား!"

jm သိတာပေါ့ ဒါက ဂန်ယွန်းလက်ချက်ဆိုတာကို သူတို့ဆိုင်ကယ်ခိုးမောင်းတာကို ရဲကိုတိုင်လိုက်တာ

"ဟေ့..အားလုံး ခေါ်လာခဲ့လိုက်"

jm တို့အကုန်လုံး ကိုလက်ထိပ်ခတ်ပြီး ခေါ်သွားလိုက်သည်
ရဲစခန်းရောက်တော့ ကြီးကြပ်မှူးဆိုသူက jm တို့ကို သပ်သပ်အကြောင်းလိုက်ရှာနေသည်

"ကျတော်တို့ဘာအပြစ်ရှိလို့ ဖမ်းတာလဲ"

"မင်းတို့ တရားမဝင်ဆိုင်ကယ်ပြိုင်ပွဲလုပ်ကြလို့လေ"

"ဒါဆို ဘာလို့ ကျတော်တို့ ကြ လက်ထိပ်ခတ်ပြီ သူတို့ကြ ဘာလို့ မခတ်တာလဲ"

"သူက ဝန်ကြီးသား လေ "

စားပွဲက မုန့်ယူပြီ ခွံ့ကျွေးနေသူနဲ့ ဇက်ကြောဆွဲပေးနေသူနဲ တကယ်ကို အရှင်သခင်ပုံစံလုပ်နေတဲ့ ဂန်ယွန်းဆိုတဲ့ ကောင်ကို jm သောက်ခွက်ကိုစုတ်ပြတ်သတ်နေအောင် ထိုးပလိုက်ချင်တယ်..

"ဒါဆို ကျတော်တို့ကို ဘယ်အချိန် လွတ်ပေးမှာလဲ "

"မင်းတို့ ဒီညအိပ်ရမယ် "

DADY(Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ