🖤 Chapter -10🖤

2.5K 193 15
                                    

>>Unicode >>

🖤 DADY 🖤

~~~~~~~~~

ခေါင်းထဲမှုးနောက်စွာနဲ့ jimin အိပ်ယာကနိုးလာခဲ့သည် နိုးလာတော့ ခေါင်းကိုက်နေတဲ့ခေါင်းကိုအသာဖိပြီ ညဥ်းတွားလိုက်သည်

"ကျွတ်စ်..."

ခေါင်းနည်းနည်းကြည်လာမှ စားပွဲပေါ်ကဖုန်းကိုယူပြီကြည့်လိုက်တော့ မနက် 9:00
နာရီ ထိုးနေပြီ ဒီနေ့က ကျောင်းပိတ်တာကြောင့် နောက်ကျမှထလည်းဇယားမရှိပါ jimin လန်းဆန်းသွား ရေချိုးခန်းဝင်ပြီ ရေချိုးလိုက်သည်
ရေချိုးခန်းက bathrobe ကိုဝတ်ပြီ အဝတ်အစားလှဲလိုက်သည် ေကျာင်းပိတ်ပေ့မယ် ဒီနေ့ ဟိုကောင်တွေနဲ့ချိန်းထားတာကြောင့်ပင်..

jimin အားလုံးပြီးတော့ အောက်ထပ်ဆင်းလာလိုက်သည်

"သခင်လေး နိုးပြီလား"

"ဟုတ် ဒေါ်ကြီး ကျတော်မနက်စားမစားတော့ဘူး အပြင်သွားမလို့"

"သူဋ္ဌေးက သခင်လေးကို မနက်စားပြင်ထားပေးတယ်"

"Dady ပြန်ရောက်နေတာလား?"

"သခင်လေး မသိဘူးလား သူဋ္ဌေးက ညကတည်းကပြန်ရောက်နေတာ သခင်လေးမူးနေလို့ အိမ်အထိတောင်ပြန်ခေါ်လာပေးတာ"

jimin'pov *ဟင်..ဒါဆို ညက dady က ငါ့ကိုပြန်ခေါ်လာတာပေါ့ dady ပြောတော့ နောက်နှစ်ရက်ကြာအုန်းမယ် ဆိုပြီး အခု ဗြန်းစားကြီးပြန်လာတယ်*

"dady ရုံးသွားပြီလား ဒေါ်ကြီး"

"သူဋ္ဌေးက အစောကြီးကတည်းက ထွက်သွားတာပါ သခင်လေးစားဖို့မနက်စားလည်း သူပြင်ခဲ့ပြီ သခင်လေးနိုးလာရင်စားဖို့ ပြောခိုင်းထားပါတယ်"

"ဟုတ် ကျတော်စားလိုက်မယ်"

jimin စိတ်ထဲdadyကိုစိတ်ဆိုးချင်ပေ့မယ် dady ပြင်ပေးတဲ့မနက်စားတော့ သူစားလိုက်သည် ဘာလို့ဆို dady ပြင်ထားပေးတာမို့လို့ပင်..

......................

BMW S1000RR ဆိုင်ကယ် အနက်ရောင်လေးက
Tae hyungတို့ရှေ့တွင်ထိုးရပ်သွားသည်

"jm ဒါမင်းရဲ့ ဆိုင်ကယ်အသစ်လား"

taemin က jimin ဆိုင်ကယ်ကိုကြည့်ပြီ မေးလိုက်သည်

DADY(Completed )Where stories live. Discover now