အိပ်ပျော်နေတဲ့လူရဲ့ နှဖူးကို ဂျီမင် လက်ဖမိုးနဲ့ စမ်းလိုက်သည်။ ဖျားနေတာတော့မဟုတ် ဒီအတိုင်း အိပ်နေချင်သာ ဖြစ်သည်။
ခပ်တိုးတိုးတီးလုံးဖြင့် ၀င်လာတဲ့ ဖုန်းသံကို ဂျီမင်ကြည့်လိုက်တော့ ကင်မ်ထယ်ယောင်းရဲ့ personal အတွက်သုံးတဲ့ဖုန်းဖြစ်လေသည်။ Wallpaper ကြောင့် ဂျီမင် မျက်ခုံးကိုကြုတ်လိုက်သည်။ ခန္ဓာကိုယ်အပိုင်းအစတစ်ခုကိုပဲ ရိုက်ထားတဲ့ပုံဖြစ်လေသည်။ ဘယ်သူ့ရဲ့ပုံလည်း မသိပေမဲ့ ဂျီမင်တော်တော်လေး ကြည့်မိသွားသည်။ ခါးသေးသေးသွယ်သွယ် အစိတ်အပိုင်း ။ လီယွန်းဝူရဲ့ ခါးလား ? ။ လီယွန်းဝူရဲ့ ခန္ဓာကိုယ်က Model တစ်ယောက်မှာ ရှိတဲ့ အချိုးအစားဖြစ်လေသည်။ အခု Wallpaper က ခါးအချိုးအစားကလည်း ထိုခါးအချိုးအစားဖြစ်လေသည်။
နံပါတ်ကိုကြည့်တော့ Contact မလုပ်ထားတဲ့ဖုန်း ဖြစ်လေသည်။ သူကိုင်ပေးလိုက်ရမလား ? ။ တစ်ခုခုဆိုရင် ဘယ်လိုလုပ်မလဲ ? ။ အိပ်နေတဲ့လူရဲ့ဘေးနားမှာ ဂျီမင်ထိုင်လိုက်သည်။ ပြီးတော့မှာ
" ကင်မ်ထယ်ယောင်း .."
ပုံမှန်အသံထက် အနည်းငယ်လောက်မြှင့်ကာ ခေါ်လိုက်တော့ ကင်မ်ထယ်ယောင်း မျက်လုံးဖွင့်လာသည် ။
" ဖုန်ုးလာနေတယ် "
သူရင်ဘတ်ပေါ်မှာတင်ပေးလိုက်တော့ ကင်မ်ထယ်ယောင်းပက သိပ်မဖွင့်ချင်တဲ့မျက်လုံးတွေနဲ့ ဖုန်းကို လှမ်းယူကာ ကိုင်လိုက်သည် ။
" ဟဲလို "
ကင်မ်ထယ်ယောင်းက ပက်လက်ကနေ ကိုယ်ကို တစ်ခြမ်းစောင်းလိုက်သည်။ ဂျီမင်ကတော့ သူ့ကိစ္စပြီးပြီးမို့ ထလိုက်တော့
" ထိုင်အုံး .."
သူ့လက်ကောက်၀တ်ကို ဆွဲကာ ပြန်ပေးထိုင်သည် ။ " ဘာလဲ " ဆိုတဲ့ မျက်လုံးအမူအရာ မေးလိုက်တော့ ကင်မ်ထယ်ယောင်းက ဘာမှပြန်မဖြေပဲ ဖုန်းကို ကိုင်လိုက်သည် ။
" ဟဲလို .."
" ကိုကိုလား..?"
အသံကြောင့် ကင်မ်ထယ်ယောင်းဖုန်းကို ခွာလိုက်သည် ။ ပြီးတော့ တစ်ခုခုကိုစဉ်းစားနေလေသည် ။
🔥 17 🔥
Mulai dari awal