"ဖေဖေ ဘာယို့ငိုညေတာယဲဟင်"

သူသတိမထားမိခင်မှာပင် မျက်ရည်ကျသွားပြန်ပြီထင်။သားလေးက သူ့ပါးထက်ကမျက်ရည်စအား လက်ဖဝါး သေးသေးကလေးများဖြင့် ဖိသုတ်ပေးပါလာသည်။

"ဖေဖေ မငိုပါနဲ့ သက်ညိုယေးပါ ငိုချင်ယာပီ"

"ဖေဖေ မငိုပါဘူး သူ့ကိုသတိရလို့ပါ"

"တူ...တူချိုတာ ဘယ်သူယဲဟင်"

"သူက ဖေဖေရဲ့ ကြယ်စင်လေးပေါ့ကွယ်"

"ကြယ်စင်‌ယေး...ကြယ်စင်ယေး"

"ဒုန်း!!!"

"ခလွမ်း!!"

အိမ်ထဲမှ ကျကွဲသံများကြောင့် အပြေူအလွှားဝင်သွားမိတော့ ကြမ်းပြင်ပေါ်တွင်လဲကျနေသည့် တိမ်ကင်းစင်။အမှန်တော့ ကင်းစင်ထိုကဲ့သို့ ဖြစ်နေသည်မှာ လွန်ခဲ့သည် လတွေကတည်းကဖြစ်သည် ။ဒေါသလည်းထွက်လွယ်လာပြီး စိတ်ကနဂိုထက်ပိုဆတ်လာသည်။သူအလျင်အမြန်ပင် ကလေးအား အောက်ချကာ သူမကိုပွေ့ချီလိုက်သည်။

"ကင်းစင်!"

"ကင်းစင်!"

သူမအား အခန်းထဲရှိ ကုတင်ပေါ်‌တွင် သိပ်လိုက်ပြီးမှ နေလတ်အားဖုန်းခေါ်လိုက်သည်။

"အေး ပြောသက်ပိုင်...နောင် ခဏလေး"

"အခုမင်းဘယ်မှာလဲ"

"နမ့်ပန်မှာကွ"

"ဟူး ဘာမှမဟုတ်တော့ဘူး"

"အေး အေး"

နေလတ်အား အားကိုးမနေတော့ပဲ သက်ညိုကလေးကိုပါကားပေါ်တင်ကာ ဆေးရုံသို့မောင်းနှင်သွားလိုက်တော့သည်။ဆေးစစ်ကာ ဆေးသွင်းပြီးနောက် ဆရာဝန်က သူ့အား မေးလာသည်။

"ဒီက လူနာနဲ့ဘာတော်စပ်ပါသလဲ"

"ဟုတ်ကဲ့ ကျွန်တော်သူ့အမျိုးသားပါခင်ဗျ"

ဆရာဝန်က သက်ပြင်းဖွဖွချသည်။ထို့အတူ သူ့စိုးရိမ်မှုတို့ကလည်းမြင့်တက်လာသည်။

"အိမ်း ခင်ဗျားအမျိုးသမီးက ဦးနှောက်ကင်ဆာဖြစ်နေတာ"

"ဗျာ!"

"ပြီးတော့ လူနာက ဘာဖြစ်လို့မှန်းတော့မသိပေမယ့် အားရစရာလုံးဝမရှိဘူး..."

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now