Part 17

3.2K 113 3
                                    

Unicode

ညသည် အထီးကျန်ဆန်ဆန် တိုးဝှေ့လာသည့် လေပြေအေးလေးတစ်ချက်ကပင် သူ့နှလုံးသားကို အေးခဲကြွေကျသွားစေဖို့လုံလောက်သည်။အဝေးမှ အိုင်ဖယ်လ်တာဝါကိုလှမ်းမြင်ရပြန်တော့ သူ့ကိုယ်သူပြန်မြင်နေရသလိုပင်။တော်တော်လေးအထီးကျန်နေရှာမှာပဲ။သူ့လက်ထဲမှ စီးကရက်အား အဆုတ်အတွင်းထိနက်နဲစွာ စုပ်ကာရှိုက်လိုက်သည်။

"နောက်ဆုံးဆိုတာမရှိစေရဘူး"

အရင်က သူဒီစကားကို ခိုင်ခိုင်မာမာပြောရဲခဲ့သည်။ဒါဆို ယခုရော။ဆန်တက်လာသည့် ခံစားချက်များသည် ထိန်းမရချုပ်မရ မျက်ရည်ဥတွေအဖြစ် သူ့ပါးပြင်ထက် ဖြတ်သန်းစီးဆင်းလာကြသည်။ဘာလို့လဲ။ဘာလို့များလဲ သူကအသက်ရှင်နေသေးသည်လဲ။အမှန်ဆို သူကသာသေသွားသင့်သည့်သူဖြစ်ပြီး ဆရာနွေးလိုလူက အသက်ရှင်ကျန်နေရမည်လေ။

"‌Lay မင်းငိုနေတယ်"

ဘေးနားက အသံကိုကြားပေမယ့် သူ့လှည့်မကြည့်မိ။ဟိုကလည်း စိတ်ခုသည့်ပုံမပေါ်သည့်အပြင် သူ့ဘေးနားဝင်ထိုင်လာသည်။
ဂျိုန်နသန် ဗီလာရီးယပ်စ် ဒါကသူ့နာမည်။သူ SPLမှာ သမိုင်းဖြင့် တက်နေသော်လည်း အဆောင်မနေလိုသောကြောင့် ဒီစိန့်မြစ်ကမ်းဘေးမှာပင် အခန်းဝယ်နေရန်ဆုံးဖြတ်ခဲ့သည်။သို့ပေမယ့် အကြောင်းတစ်ချို့ကြောင့် ဂျွန်နှင့်စပ်တူဝယ်ခဲ့ရသည်။ဂျွန်က French ဆိုပေမယ့် British စပ်သည်။အသားဖြူဖြူမျက်လုံးပြာပြာဖြင့်။ဂျွန်ကရယ်လိုက်လျှင် ပါးချိုင့်ကလေးတွေရှိသည် သူနှင့်သိပ်လိုက်ဖက်သည်လေ။သို့ပေမယ့် ဂျွန်သူ့ကိုပထမဆုံးရယ်ပြကတည်းက သူတားခဲ့သည် သူ့ရှေ့တွင် ပြုံးရယ်ခြင်းမပြုရန်။ထိုကတည်းက ဂျွန်က သူ့ရှေ့ဘယ်တော့မှမပြုံးမရယ်တော့ အထူးသဖြင့် ပါးချိုင့်တွေမပေါ်အောင်ပေါ့။

"ရီးယပ်စ် မင်းမှာစီးကရက်ရှိသေးလား"

"အင်း"

သူ့ကို နောက်တစ်လိပ်ထုတ်ပေးပြီး မီးညှိပေးလာသည်။အရမ်းလွမ်းတာပဲ ဆရာနွေးရယ်။သူလိုက်ရှာကြည့်ဖူးသည်။မြစ်ထဲမှာ၊ကြိုးကွင်းတွေမှာ၊ ပြီးတော့ အဆိပ်တွေမှာပေါ့။သူမတွေ့။ တွေ့သော်လည်းပျောက်ကွယ်ပြန်၏။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Tempat cerita menjadi hidup. Temukan sekarang