five

495 71 13
                                    

LVMH dinner အတွက် Agency CEO ၏ arm candy အနေနှင့် ပွဲတက်ပေးရန် တောင်းဆိုထားမှု ကြောင့် အနက်ရောင်ဇိမ်ခံကားနှင့် private resort တစ်ခု ရှေ့ရောက်လာခဲ့သည်။ private event မို့ ခေါ်ထားသည့် reporter များကလွဲလို့ဗျောက်သောက်ဖြစ်မနေ။

CEO ၏ လက်က ဂျုံအင်းလက်မောင်းကိုချိတ်ထားပြီး venue ထဲမဝင်ခင် သူမက ဝတ်ထားသည့် အင်္ကျီအပြာ၏ လည်ပင်းကဖဲပြားရှည်ကို သေချာပြင်ပေးသည်။

Paris မူပိုင် အဝါရောင်မီးနှင့် jazz က လေထုကို အထောက်အပံ့ပြုပြီး စားပွဲအဝိုင်းများချထားသည့် venue ထိပ်တွင် စင်တစ်ခု... တစ်ယောက်ယောက်က ပျင်းရိအောင်ထိ စကားရှည်ကြီးတက်ပြောတော့မည်ဟု သိလိုက်သည်။

ထိုင်ရမည့်စားပွဲနား ရောက်သည့်အခါ မျက်စောင်းထိုးစားပွဲရှိ Oh Sehun အကြည့်နှင့်ဆုံစည်းသွားသည်။ ဂျုံအင်းကို မှင်သက်စွာနှင့် တစ်ကိုယ်လုံးကိုကြည့်ပြီးနောက် သူက နူးညံ့စွာပြုံးသည်။ ထို့နောက် "လှနေတယ်" ဟု ပါးစပ်လှုပ်ပြကာပြောသည်။

ဂျုံအင်း ပါးနွေးတက်သွားသလိုပင်။

ထင်ထားသည့်အတိုင်း နားမလည်သည့်စကားနှင့် စကားရှည်ကြီးပြောနေကြသည့်အခါ ဂျုံအင်း ပျင်းရိလာသည်။ ထိုင်နေသည့်နေရာနှင့် မျက်စောင်းထိုးလေးတွင် ထိုင်နေသော Oh Sehun ကို မသိမသာကြည့်မိသည်။ Oh Sehun က ဂျုံအင်းအကြည့်သူ့ပေါ် ရောက်သည်ကို ခံစားမိသည်နှင့် ချက်ချင်းပြန်ကြည့်လာသည်။ ဂျုံအင်း အကြည့်လွှဲလိုက်၏။

ဝိုင်ကိုတတိတတိသောက်နေတုန်း waiter တစ်ယောက်က ဂျုံအင်းအတွက်သီးသန့်လာချပေးသည့် Fortune cookie တစ်ခု...

ဂျုံအင်း စိတ်ဝင်စားစွာနှင့် အလယ်ကနေခွဲလိုက်သည့်အခါ ထွက်လာသည့်စာရွက်လေး...

"Your lips look lonely. Would they like to meet mine?"

ဂျုံအင်း မထိန်းနိုင်စွာပြုံးမိပြီးမှ ရုပ်ပြန်တည်လိုက်သည်။ မြင်ကွင်းနှင့် တန်းနေသည့်နေရာကို ကြည့်​သည့်အခါ Oh Sehun က နှုတ်ခမ်းစွန်းမသိသာလေးတွန့်ရုံအပြုံးနဲ့ မျက်ခုံးမသိမသာပင့်ပြသည်။

ဂျုံအင်း ထိုစာရွက်လေးကို အင်္ကျီအိတ်ကပ်ထဲထည့်လိုက်သည်။

one of your girls Where stories live. Discover now