one

585 82 19
                                    

Important Writer's Note - Troye Sivan ရဲ့ One of your girls MV ကိုမကြည့်ရသေးရင် အရင်သွားကြည့်စေချင်ပါတယ်။

Content Warning အနေနဲ့က mature content on ထားပါတယ်။ Crossdressing နဲ့ feminization ပါပါတယ်။

Read at your own risk.

Zawgyi ကို အောက်မှာထည့်ပေးထားပေမယ့် အမှန်တိုင်းပြောရရင်မထည့်ပေးချင်တော့ပါဘူး။ 2023 တောင်ရောက်နေပြီမို့ ဇော်ဂျီလူကြီးမင်းတို့ဖက်ကပဲ အတိတ်မှာမနေပါတော့ပဲ Unicode ပြောင်းပါတော့လို့ပဲ အကြံပေးချင်ပါတယ်။




One




Popstar Oh Sehun spotted in NYC with rising Victoria's Secret model Barbara Ceretti amidst cheating allegations.


Inside sources reveals despite the couple appearance at Met Gala, the unnamed East Asian Popstar and Hollywood star separated since April.  

New York မြို့လယ် Manhattan, Lower East Side neighborhood ရှိ တိုက်မြင့်တစ်ခု၏ ဘေးပတ်ပတ်လည် လူသွားလမ်းပေါ်တွင် Music Video casting တစ်ခုအတွက် တန်းစီရပ်နေသော model အုပ်ကြီးရှိသည်။

ကားသံ၊ construction သံများကြား လူအုပ်က အကြောင်းအရာတစ်ခုထဲကို တွတ်ထိုးနေကြသည်။

"သတင်းတွေတွေ့တယ်မလား"

"တွေ့ပါ့ celebrity တွေလည်း နားလည်ရခက်တာနော် Move on ဖို့ အချိန်ယူတယ်မရှိ နောက်တစ်ယောက် ဖက်ကနဲ ကောက်တွေ့နေပြီ ဆိုတာကြီးပဲ" Jordan ၏အမေးကို Lara က ခပ်သွက်သွက်ဖြေသည်။

"ဟေး... Jongin အဆင်ပြေရဲ့လား"
သူတို့နှစ်ယောက်ကြားရပ်လျက် ခါးတိုအင်္ကျီကိုဆွဲချဆွဲချလုပ်နေသော ဂျုံအင်းကို Lara ကမေးသည်။ အမေရိကန်သူမို့ Jongin ဟုအသံအထွက်က တောင့်တောင့်လေးဖြစ်နေ၏။

"ပြေပါတယ်"
Brooklyn မှအထွက်တုန်းကမိုးမိလာခဲ့သည်မို့ Lara က သူ့အင်္ကျီရော ဂျင်းဘောင်းဘီပါငှားထားပေးတာဖြစ်သည်။ ထောင်ထောင်မောင်းမောင်း မိန်းကလေး model ပင်မို့ သူ thrift ထားသည့် baggy jeans က ဂျုံအင်းနှင့်အဆင်ပြေသော်လည်း အင်္ကျီကတော့ crop top ဖြစ်သည်မို့ ခါးသည်လက်ဝါးတစ်ပြားစာလောက်လှစ်ဟနေသည်။

"ဆွဲချမနေနဲ့လေ crop top ကို crop top လိုဝတ်မှပေါ့"

Lara က ဂျုံအင်းလက်ကိုဆွဲဖယ်တော့ ထိုလက်အနည်းငယ်စိုထိုင်းနေသေးသည့် ဆံပင်ကြားထဲထိုးဖွမိသည်။ New York မြို့၏ signature corndog နှင့် bacon egg and cheese အနံ့ကား လေထုထဲသင်းနေပါ၏။ 

one of your girls Where stories live. Discover now