two

405 97 31
                                    

View များလာရက်နဲ့ သိပ်အဖတ်မလုပ်ဘူးထင်လာရင်တော့ unpublished မှာပါ။

Of


"အစပိုင်း ACT I cut ကတော့ Jongin ဒီတိုင်းယောက်ျားလေးပုံစံပဲ ACT II မှာ Drag နဲ့ lap dance လာပြီး ACT III မှာ Drag နဲ့ backup dancer နဲ့အပိုင်းဖြစ်မယ်"

ဂျုံအင်းနားထဲ Lap dance ဆိုသည်ကစွဲနေသည်။ ပိုက်ဆံရှိလျှင် အာဏာရှိတာနှင့်ညီပြီး... ထိုပိုက်ဆံနှင့်အာဏာရှိနေလျှင် ကြိုက်တဲ့လူခေါ်ပိုက်ဆံပေးပြီး ကိုယ့်ပေါ် lap dance လာလုပ်ခိုင်းနေလို့ရသည်ဟုတွေးပြီး စိတ်ထဲမအီမသာဖြစ်လာသည်။

ဂျုံအင်းကိုမှရွေးခေါ်ခဲ့တာ သူ့ပေါ် lap dance လုပ်ခိုင်းချင်လို့လား...?

ထို့နောက်မှ ကိုယ့်အတွေးကိုပြန်ကြားပြီး ကိုယ့်ကိုကိုယ်ဘဝင်ရူးနေပါလားဟု ခေါင်းခါထုတ်လိုက်သည်။

အကတိုက်ရသည်က choreographer ရယ် lap dance ကဖို့ ထိုင်ခုံရယ်သာဖြစ်ပြီး Oh Sehun တော့တစ်ရက်မှမလာခဲ့။

မျှော်နေခဲ့လား မမျှော်နေခဲ့လား ဂျုံအင်းကိုယ်တိုင်သာသိမည်။






Shooting ရိုက်မည့်နေ့ရောက်လာ၍ studio ထဲလူများစွာရှိပြီး အလုပ်ရှုပ်နေကြသည်။ Jongin အခြား mv တွင်ပါမည့်လူများကဲ့သို့ ကိုယ်စီ နာမည်တပ်ထားသောခုံတွင်ထိုင်ကာ makeup ပြင်ခံရင်း မျက်လုံးများက Oh Sehun ကိုရှာနေမိသည်။

ကင်မရာ set တွေအကုန်ချထားသည့် ရှေ့တွင် staff တစ်ယောက်က lap dance အတွက် ရည်ရွယ်သည့်ထိုင်ခုံကိုချကာ နေရာကိုက်မကိုက်အမှတ်မှတ်ပြီးသည်အထိတောင် အရိပ်အယောင် မတွေ့ရသေးပါ။

"ကဲ... စတော့မယ်..."

မလာတဲ့သဘောပေါ့...

ဂျုံအင်းတို့ကသက်သက် သူကသက်သက်ရိုက်ပြီးမှ Edit လိုက်မှာမျိုးလားဟုတွေးမိသည့်အခါ စိတ်နည်းနည်းပျက်သွားသလို။ ထို့နောက် မျှော်နေမိသည့် ကိုယ့်စိတ်ကိုပြန်သတိထားမိပြီး ရှက်သွားသည်။

ပထမဆုံးတွေ့ဆုံမှုတွေက သိပ်ပြီးအဆင်မပြေ၍ ခပ်တန်းတန်းနေချင်မိသော်လည်း သူက အကုန်လုံးလွန်ဆန်နိုင်စွမ်း နည်းစေသည့်အရှိန်အဝါနဲ့ Oh Sehun ပဲ။

one of your girls Where stories live. Discover now