"မင်းကိုငါအေးဆေးပြောနေတာ...ပြန်တော့၊မင်းကဒီရွာကို
လာလည်တဲ့မြို့သား..ငါ့ညီနဲ့ဘာအတွက်ပြောစရာတွေရှိနေ
လို့လဲ"

"ခင်ဗျားညီက မပြောချင်ဘူးဆိုရင် ကျုပ်ချက်ချင်းလှည့်ပြန်
မယ်...အိုကေလား"

"ဟင်း"

စိတ်မရှည်တဲ့သက်ပြင်းချသံကိုကြားရပေမဲ့ ထိုကောင်လေး
ဆီက ပြတ်ပြတ်သားသားသိရမှပင်ဖြစ်လိမ့်မည်။အရင်တစ်ခါ
က သူချစ်စကားပြောတာအချိုးမပြေတာမျိုးရှိခဲ့ရင် သူအနေနဲ့
သူ့အကိုရှေ့ပါမချန် ပြန်ပြင်ပြောသင့်ပြောရမည်ဟု စိတ်ပိုင်း
ဖြတ်ထားခြင်းဖြစ်လေသည်။

ခဏမျှစဉ်းစားပြီး ငြိမ်သက်သွားရာမှ အမြင်မကြည်လေသော
မျက်ဝန်းများနှင့်ကြည့်လိုက်ပြီးနောက်...

"ညီလေး...ဖိုးကံကောင်း"

"ဗျာ"

"အေး...အိမ်ရှေ့ကိုခဏထွက်လာခဲ့ဦး"

ကဗျာကယာအိမ်ရှေ့ပြေးထွက်လာသူလေးက သူ့ကိုမြင်
သည်နှင့် စိုးရိမ်ပူပန်သွားလေတဲ့ မျက်နှာအားအရိပ်အကဲဖမ်း
မိလိုက်ပြီးနောက် စိတ်မပူစေရန် လီယွန်ပြုံးပြလိုက်လေ၏။

"သူ့ကိုသိလား...ညီလေးနဲ့စကားပြောချင်လို့တဲ့...အဲ့ဒါညီ
လေးကစကားပြောစရာမရှိဘူးလို့ပြောတာကို ဇွတ်ပေနေ
တယ်...အသိတွေလား"

"မသိဘူး ကိုကြီး"

ချက်ချင်းငြင်းဆန်လိုက်တဲ့စကားကြောင့် တင်းခနဲ့စိတ်ထဲဖြစ်
သွားရလေသည်။

"မသိဘူး..ဟုတ်လားကောင်လေး"

ဟု နှုတ်ဖျားကထွက်ကျလာပေမဲ့ တကယ်တမ်းရင်ထဲတော့
စို့နင့်နင့်ရယ်နှင့် အံ့သြမူတွေနဲ့ခံပြင်းမူတွေ။

"ခင်ဗျားပြန်တော့...ခင်ဗျားနဲ့ပြောစရာကိုမရှိတာ၊အခုကော
မရှိသလို...နောက်ခါလည်းရှိမှာမဟုတ်ဘူး၊အရည်မရအဖတ်
မရတာတွေပြောတာ နားထောင်နေဖို့အချိန်မရှိဘူး"

သူရဲ့စကားကြောင့် နှုတ်ခမ်းပြည့်ပြည့်တွေကတစ်ချက်မဲ့လိုက်
ပြီး လက်ကိုဆွဲဖို့ဟန်ပြင်လိုက်ပေမဲ့ ရှောင်လွှဲခံလိုက်ရတဲ့
အပြုအမူကြောင့် အောင့်သက်သက်ကြီးခံစားလိုက်ရ၏။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Opowieści tętniące życiem. Odkryj je teraz