အပိုင်း (47) - Unicode

690 165 29
                                    

         အခန်း (၄၇) - မင်းနာမည်ဘယ်လို​ခေါ်လဲ ?

        ကပ္ပတိန်ချန် သည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြန်တုံ့ပြန်လာနိုင်လိုက်သည်။ ဟမ်းစတားလေး လူသဏ္ဍာန်ပြောင်းတဲ့အချိန်သည် အလွန်တိုတောင်းနိုင်ချေရှိသည်။ ကိစ္စပြီးအောင်လုပ်နိုင်ဖို့ဆိုရင် သူအချိန်လုပြီးလုပ်ရလိမ့်မည်။

       သူစကားစပြောမလို့ပဲရှိသေး ရှု​ရှောင်​ဟွေးဆီကနေ တုန်တုန်ယင်ယင်အသံလေးဖြင့် ပြောလာတာကို ကြားလိုက်ရတော့၏။ " ဆိုက်ကို​ကောင်ကြီး ! "

        " ...... "

         စစ်တပ်ဗိုလ်ချုပ်ကြီးယူနီဖောင်းကို ၀တ်ဆင်ထားသည့် ကပ္ပတိန်ချန်သည် သူဖိနှိပ်မထားမိလိုက်သော သူ့ရဲ့ဝံပုလွေလို စရိုက်သဘာဝကြောင့် ရုတ်တရက် နောင်တရသွားတော့သည်။

         ခုချိန်ထိဆို သူသည် လူသဏ္ဍာန်နဲ့ဟမ်းစတားလေးဆီမှ စုစုပေါင်းကိုမှ စကားလုံးခုနစ်လုံး နဲ့ စာကြောင်းနှစ်ကြောင်းပဲ ကြားဖူးသေးပြီး ဆိုက်ကိုကောင်ကြီးဆိုတဲ့ စကားကို နှစ်ကြိမ်တိုင်တိုင် ကြားခဲ့ရသည်...

        ရှု​ရှောင်​ဟွေးသည် အမှန်ပင် အိပ်ချင်ယောင်ဆောင်နေခဲ့တာဖြစ်သည်။ လူအဖြစ် စပြောင်းသွားတဲ့အချိန်တုန်းက သူ့ကိုယ်သူမသိသေးပေ။ သူရုတ်​တရက်ကြီး​ အသွင်ပြောင်းသွား​လိမ့်မယ်လို့ မမျှော်လင့်ထားမိဘဲ ခုထိ ကိုယ်ပေါ်မှာအဝတ်အစားက​လည်း မရှိ​သေးဘူးလေ။ ချန်ချန်းသို သူ့ကိုခါးကနေ တိုက်ရိုက်လှမ်းဖက်လိုက်သောအခါ၊ ရှု​ရှောင်​ဟွေးရဲ့ ပထမဆုံးတုံ့ပြန်မှုသည် အိပ်ချင်ယောင်ဆောင်လိုက်ခြင်းပင်ဖြစ်သည်။

        ကိုယ်တုံးလုံးဖြစ်နေတာကြီးက အရမ်းရှက်ဖို့ကောင်းတယ်လေလို့ !

       တစ်ချိန်တည်းမှာပင်၊ ရှု​ရှောင်​ဟွေးသည် ထိုနေ့တုန်းက ရေစက်လေးများစီးကျနေသော ချန်ချန်းသိုရဲ့ သန်မာတောင့်တင်းသောခန္ဓာကိုယ်ကို သတိရမိသွားသော်လည်း အဲဒီ့တုန်းက ထိုလူသည် ဘောင်းဘီတိုတော့ဝတ်ထားသေးသည်။

       ဒါပေမယ့် ဒီလိုတွေးမယ်ဆိုရင် အတိုင်းအတာတစ်ခုထိတော့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ကိုယ်တုံးလုံးပုံစံတွေကို မြင်ဖူးပြီးကြပြီလို့ပဲ ယူဆနိုင်ပါတယ်လေ ...

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Where stories live. Discover now