12

349 41 3
                                    

Unicode

Jenက Seoul ကိုရောက်နေတာ 1လရှိသွားပြီဖြစ်သည် ဒီကိုရောက်သည့် 1လအတွင်း အပြင်ကိုသိပ်မထွက်ပါ။ အနေလဲတော်တော်အေးသွားသည် Rosé နဲ့Lisa က ကုမ္ပဏီမှာမလို့ မနက်နဲ့နေ့လယ်ဆို Jenတစ်ယောက်ထဲအိမ်မှာရှိတတ်သည်

အဲ့လိုအချိန်တွေကြရင် Jenက Irene နဲ့ Jisoo အပြင် တခြားသူ့သူငယ်ချင်းတွေကိုလဲဖုန်းခေါ်တတ်သည် အဲ့လိုမှမဟုတ်ရင်လည်း တစ်ယောက်ထဲမီးဖိုချောင်မှာ ကိတ်မုန့်တွေဖုတ်ပြီး Hawaii ကမုန့်တွေလုပ်စားတတ်သည်

Lisaသည် Jenကိုတော့ပျင်းအောင်မထားပါ။ Jenအတွက် ကားအသစ်တစ်စီး သက်သက်ဝယ်ပေးထားသည် ပျင်းလျှင်အပြင်ထွက်ပြီးလျှောက်သွားဟု Lisaကပြောထားပေမဲ့ Jenက မရင်းနှီးတဲ့ပတ်ဝန်းကျင်ကိုမကြိုက်ပါ။

လွန်ခဲ့တဲ့ရက်တွေကတော့ သူတို့3ယောက် Picnic ထွက်ထားကြသည် ညနေပိုင်း Hanမြစ်မှာဖြစ်ပြီး အပန်းဖြေတာဖြစ်သည် တခြားနေရာတွေကိုတော့ Jenသိပ်မသိပေမဲ့ Hanမြစ်ကို Jennie အရမ်းသ‌ဘောကျသည် ညနေဆို အဝါရောင်မီးလုံးလေးတွေရယ် မရှုပ်တရှုပ်လူတွေရယ် Hanမြစ်ဘေးက ဆိုင်အသေးလေးတွေကို Jenသဘောကျမိသည်

Jenဟာ Seoul မှာရှိနေသည့် သူ့ဘ‌ဝကိုတွေးရင်းနဲ့ Honolulu ကသူ့မိဘတွေရော အဆင်ပြေပါ့မလားတွေးမိသည် နောက်ဆုံးတခေါက်ရန်ဖြစ်တဲ့အခါ Jenရဲ့ဘက်ကလျှော့ပေးလိုက်ရင်ကောင်းမှာ ဟုလဲတွေးမိပြန်သည် မိဘနဲ့ဝေးရာရောက်မှ လွမ်းမိသလိုလိုဖြစ်နေသည်

"ဟူး"

Jennie သက်ပျင်းချလိုက်ပြန်သည် နောက်ဆုံးတခေါက်ရန်ဖြစ်တုန်းက Daddy ကစိတ်ပူလို့ပြောတာကို Jennie အတွက် နားပူစရာဖြစ်သွားပြီး ပြန်အော်မိခဲ့သည် အဲ့နေ့ညက Lisaတို့အိမ်သာ မသွားခဲ့လျှင် Jenဟာ လမ်းဘေးမှာသရဲနှင့် အိပ်နေရမှာ။ ည10နာရီထိုးခါနီးကြီးRoséက အမူးပြေစွပ်ပြုတ်မလုပ်ပေးလျှင်လဲ Jennie မနက်ကြခေါင်းအသေကိုက်မှာဖြစ်သည်

*တီ

*တီ

Jenဟာ ခြံဝကကားဟွန်းသံကိုကြားလိုက်ရသည် အချိန်ကိုကြည့်တော့လဲ 6နာရီခွဲပြီပဲ။ ဒါဟာ Lisa နဲ့ Rosé ရဲ့ကားသံပဲဖြစ်မည် ပုံမှန်ဆို5နာရီခွဲပြန်လာနေကြမလို့ နည်းနည်းလေးနောက်ကျတယ်ဟု ‌တွေးကာ ခြံဝကိုပြေးသွားလိုက်သည် Jenက အပြင်ထွက်ထိုင်နေလို့သာတော်သေးသည် အိမ်ထဲကနေသာ ခြံဝတံခါးကိုသွားလျှင် တော်တော်နှင့်ရောက်နိုင်မှာမဟုတ်ပါ။

LocoWhere stories live. Discover now