3

279 28 5
                                    

Unicode

"Lisa ya ထထ"

"ဟာ ဘာလဲဟ Park Rosé ရ"

မနက်6နာရီခွဲကြီး လာနှိုးနေသော Roséကို Lisaကစိတ်တိုတိုနဲ့ ဘေးမှာရှိတဲ့ ခေါင်းအုံးအပိုနဲ့လှမ်းပစ်လိုက်သည် ခေါင်းအုံးက Lisaအခန်းပြတင်းပေါက်တွေကိုဖွင့်နေတဲ့ Rosé ကိုတော့ထိမသွားပါ

"နင်ပဲ Ruby ရှိတဲ့ church ကိုသွားချင်တယ်ဆိုလို့လာနှိုးရသေးတယ်"

"ဟင် ဟုတ်သား"

Lisaချက်ချင်းထထိုင်လိုက်သည် သို့ပေမဲ့လဲ ချက်ချင်းမူးဝေလာသည့် သူ့ခေါင်းကိုပြန်ဖိပြီး ဖြေးဖြေးချင်းပြန်လှဲလိုက်သည်

"အာ့ ကျစ်ကျစ်ကျစ်"

"နှာထပြီး ထထိုင်တာကို နည်းတောင်နည်းသေးတယ်"

Rosé က Lisa ရဲ့ကုတင်ပေါ်ထိုင်လိုက်ရင်းပြောသည် မျက်နှာကိုရှုံ့မဲ့ကာပြောတော့သည် အဲ့တော့လဲ Lisaလဲ Roséပေါင်ကိုရိုက်လိုက်ပြီး ကျိန်ဆဲတော့သည်

"ပါးစပ်ပိတ်ထား"

"ဟဟ အေးပါ နင်သွားမှာလားမသွားဘူးလား"

အိပ်ရင်းမြင်နေရတဲ့ မျက်နှာကျက်ကိုကြည့်ကာ ခဏတွေဝေနေသေးသည် ပြီးတော့မှ

"သူဒီအချိန်ရှိလောက်သေးလား"

"ဘယ်လောက်နောက်ကျသေးလို့လဲ"

"ဟုတ်သားနော် ကျေးဇူး Roseanne ငါပြင်လိုက်ဦးမယ်"

Lisaက ခေါင်းမူးမှာဆိုးလို့ ဖြေးဖြေးချင်းထလိုက်ပြီး ရေချိုးခန်းထဲတန်းနေအောင်ပြေးသွားတာကိုကြည့်ရင်း Rosé ခေါင်းခါမိသည်

"ဘယ်လိုလူလဲမသိဘူး သူရည်းစားရဖို့အရေးတောင် လာနှိုးရသေးတယ်"

Rosé လဲ Lisa ကုတင်ပေါ်မှထလိုက်ကာ အောက်ထပ်ဆင်းပြီး မနက်စာစားဖို့ပြင်တော့သည်

"အန်တီ Clara ဒီနေ့သတင်းစာကဘယ်မှာလဲ အိမ်ကိုရောက်ပြီလား နိုးတည်းက သတင်းစာတွေမမြင်သေးဘူး"

Roséက မနက်တိုင်း မနက်စာစားရင်း သတင်းစာဖတ်တဲ့ သူ့ရဲ့အကျင့်အတိုင်း ဒီနေ့တော့သတင်းစာမရောက်သေးလို့ လိုက်ရှာပါတော့သည် အိမ်မှာ သန့်ရှင်းရေးနဲ့ ဟင်းချက်ဖို့ 2ပတ်စာငှားထားတဲ့အဒေါ်ကြီးကို Rosé မေးလိုက်သည်

LocoWhere stories live. Discover now