လင်ချူရွယ် သက်ပြင်းချကာ ပြောလိုက်၏။

လင်ကွေ့ရန်က “ ဒါဆို သမီးကို စောင့်ရှောက်ဖို့ လင်လဲ့ကို ထားခဲ့မယ်… “

“ မလိုပါဘူး အဖေ… “

“ အစ်မကလည်း အဲ့လိုကြီးတော့ မပြောနဲ့လေ… “

“ နင့် အကြောင်း ငါမသိဘူး ထင်နေလား… ငါက နင့်အစ်မပါ… တနေ့တနေ့ ငါတို့ အနုပညာနယ်ပယ်က ကောင်မလေးတွေနဲ့ နင် အချိန်ကုန်နေမှာ ငါ သိတယ်… “

“ အစ်မကလည်း မောင်နှမချင်းကို ဒီလို ပြောရတယ်လို့… “

“ ငါ နင့်ထက် အရင် ထမင်းစားလာတာလေ… နင် ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှခွေ ရှိတယ်ဆိုတာပါ သိတယ်… အင်္ဂလန်မှာ ပျင်းလာလို့ ဟွာရှမှာ လာမွှေမှာ မလား… “

လင်ကွေ့ရန်က ...
“ ဟွာရှ အနုပညာနယ်ပယ်က ဘယ်လိုမျိုးလဲ ဆိုတာ အဖေ သိတယ်… ဒါကြောင့် လင်လဲ့ ဒီမှာနေတာ ပိုစိတ်ချရမယ်… “

လင်လဲ့ ခေါင်းညိတ်ကာ “ အစ်မ… ငါတို့ မိသားစုက ဟွာရှမှာ သိပ်ပြီး အရှိန်အဝါမရှိဘူး… ဒါကြောင့် ငါ သိပ်ပြီး ပြသနာ မရှာနိုင်ပါဘူး… ပြီးတော့ အဖေကလည်း အရင်လောက် မုန့်ဖိုးပေးမှ မဟုတ်တော့ သူဌေးသား တစ်ယောက်လိုမျိုး သောင်းကျန်းလို့ရမှာ မဟုတ်တော့ဘူး… ဒါပေမဲ့ ငါက ရုပ်ခံလေးကြောင့် သကြားမေမေ ရသွားရင်တော့  ငါ့ အပြစ် မဟုတ်ဘူးနော်…. “

လင်လဲ့အား လင်ချူရွယ် နားရွက်ဆွဲလိမ်ကာ “ နင် ဒီအသက်အရွယ် ရောက်နေတာတောင် သကြားမေမေ ရှာချင်သေးတယ်လား… “

“ အစ်မ… လွှတ်… လွှတ်… နင်က နာမည်ကျော် မင်းသမီးနော်… နင့်ပုံရိပ်ကို ဂရုစိုက်ဦး… “

လင်ချူရွယ် မျက်လုံးပြူးပြကာ... “ ငါတို့ မောင်နှမ အချင်းချင်း ကြားမှာ မင်းသမီးဆိုတဲ့ ပုံရိပ်ကို ဂရုစိုက်နေရမှာလား… နင့်ကို ဆုံးမစရာ ရှိတာ ဆုံးမရမှာပဲ ကောင်စုတ်လေး… “

“ နင့်လိုမျိုး ရက်စက်တတ်တဲ့ မိန်းကလေးကို ငယ်ငယ်လေးကတည်းက ကြိုက်လာတဲ့ ငါ့ယောက်ဖတော့ သနားစရာပဲ… “

“ နင် ထပ်ပြောဦးမှာလား… “

လင်လဲ့ နားရွက်ကို ပို၍ အားထည့် ဆွဲလိုက်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now