ရှန်ယောင်သည်တော့ 5 နှင့် 8 အား လှန်ထားပြီး မည်သို့ ကြည့်ကြည့် ဖဲလုံးဝ ကောင်းမနေချေ ။

သို့သော် ရှန်ယောင်က ပြုံးလျက် သန်း ၅၀ အား ပစ်တင်လိုက်၏။
“သန်း ၅၀ ကြေးတင်တယ် ... ဘယ်သူ လိုက်မလဲ...”

ဂျိုးဇက် သူမအား တစ်ချက် ကြည့်ကာ ကာစီနိူ ဝန်ထမ်း အား ထပ်မံ လှမ်းကြည့်ရင်း စိတ်ထဲ တွေးလိုက်၏။

“ဒီ ကာစီနို က တော်တော်လေး တွေးပေးတတ်တာပဲ ။ ငါ့ကို ပိုက်ဆံတွေ ပေးဖို့ ဒီလို မိန်းမလှလေးကို လွှတ်ပေးလိုက်တယ်... သူမက ငါ့အတွက် ကာစီနို က ပြင်ပေးထားတဲ့ အချိုပွဲလေးများလား...”

ပြီးနောက်တွင်တော့ သူ ဖဲဝေသူအား ကြည့်လိုက်သည်။ ဖဲဝေသူသည်လည်း ဂျိုးဇက် ဖဲကောင်းသည် အား သိနေသည့်အတွက် ဆိတ်ဆိတ်နေလျက် ရှိကာ အချက်မပေးသေးချေ ။

ဂျိုးဇက် များများစားစား ဂရုမစိုက်နေတော့ ။ ထို မိန်းမလှလေး အား နူးညံ့သည်မှ ကြမ်းတမ်းသည်သို့ ချဥ်းကပ်ရင်း ခုန်အုပ်ပစ်လိုက်ချင်မိသည် ။  တဆက်တည်း သူမ တစ်ကိုယ်လုံး ချွတ်လျက် အိပ်ယာထက် သူ့အား အရှုံးပေးနေသည့် မြင်ကွင်းကိုပင် စိတ်ကူးယဥ်လိုက်မိ၏ ။

ထိုကြောင့် သူ အရှုံးမပေးနိုင်တော့ချေ ။ တပါတည်း သူ့အား သဘောထားကြီးပြီး ရက်ရောသူ တစ်ယောက် ဟု ရှန်ယောင် အား မြင်စေချင်မိ၏။

“သန်း ၅၀ လား ငါ လိုက်တယ်...”

ရှန်ယောင် ရယ်လိုက်သည် ။

စောင့်ကြည့်နေသည့် ရှုချန်း လည်း ခပ်ဟဟ ရယ်လိုက်၏။ ဤအဖြစ်ကြောင့် မိန်းမလှလေး အား သူ လိုအပ်ခဲ့ခြင်း ဖြစ်သည် ။ မိန်းမ ဖျက်လျှင် ပြည်ပျက်သည် ဆိုသည့်အတိုင်း ပုရိသ ယောကျာ်းသား အားလုံး အလှတရား အောက်၌ ရုန်းထွက်ရန် ခက်ခဲရသည် မဟုတ်ပါလော ။

အခြား ကစားသမားများသည်တော့ နှာခေါင်းရှုံကာ လက်ရှောင်လိုက်တော့သည် ။ သူတို့ ဆက်မပါတော့ ။

ဖဲဝေသူက ငါး ကဒ်မြောက်ဖဲအား ဆက်ဝေသော် 7  အား ရှန်ယောင် ရလိုက်သည်။ ယင်းအား မြင်သော် ဖဲဝေသူ နှင့် ဂျိုးဇက်တို့ ပြုံးမိလိုက်ကြ၏။ ရှန်ယောင်အတွက် အနိုင်ရချေ ရှိသည့် တစ်ခုတည်းသော ဖဲမှာ Straight ( စထရိတ် ( အစဥ်လိုက်ဂဏန်း ) သာ ရှိပေသည်။ သူမ၏ မှောက်ထားသော ကဒ် နှစ်ခု က 6  နှင့် 4 သို့မဟုတ် 9 ဖြစ်နေမှ ရပေလိမ့်မည် ။ သူမ 6 ရထားလျှင်ပင် ကျန်တစ်ချပ် က 4 သို့မဟုတ် 9 ရနိုင်ချေ အလွန်ပင် နည်းလွန်းလှသည် မဟုတ်လော ။

နတ်နဂါးစစ်သည်Where stories live. Discover now