အပိုင်း (46) - Zawgyi

Start from the beginning
                                    

        လီဟွေးနှုတ်ခမ်းထောင့်များ တုန်ယင်သွားသည်။ ဒီဝတ်စုံကိုတွေ့ဖို့ သူ့မှာ ဘော့စ်အခန်းကို ဇောက်ထိုးလှန်လိုက်ကာ တစ်ခန်းလုံး ဖွပစ်ခဲ့ရတယ်လေ ....

        ဒါပေမယ့် ဒါက တရားမျှတပါတယ်၊ချန်ချန်းသိုက သူ့ကို အပြစ်မတင်... လောက်ပါဘူးလေ ... ဟုသာ လီ​ဟွေး ဆုတောင်းလိုက်တော့သည်။

        ချန်ချန်းသိုသည် ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းခဲ့ရသေးသော်လည်း သူရဲ့  ဩဇာအာဏာ အရှိန်အဝါကပဲ ပြင်းလွန်းနေတာလား စစ်သားတွေကပဲ အလွန်နိုးကြားလွန်းနေသလားတော့ မသိ။ မီးပုံကို ပတ်ပတ်လည်ဝိုင်းထိုင်နေကြသော စစ်သည်တစ်စုက ရုတ်တရက်ကြီး ထရပ်ကာ ငါးစက္ကန့်အတွင်း တန်းစီ၍သပ်သပ်ရပ်ရပ် နှုတ်ဆက်လိုက်ကြသည်။  " ဗိုလ်ချုပ်ကြီး ! "

       တစ်ချိန်တည်းမှာပင်၊ အိမ်မွေးစစ်သည်တော် အုပ်လိုက်ကြီးသည် ချန်ချန်းသို ရှေ့သို့ရောက်လာကာဆာလောင်နေသော ကျားရဲကြီးများလို လာတန်းစီနေကြတော့၏။

        အစိမ်းရောင်မျက်လုံးများသည် ချန်ချန်းသို ရင်ဘတ်ပေါ်ရှိ အိတ်ကပ်ကို စိုက်ကြည့်နေပြီး ခုလေးတင်အသားစိမ်းတွေ ကိုက်ဝါးထားခဲ့ကြသော ပါးစပ်များသည် သွားရည်များထွက်ကျလုမတတ် ဖြစ်နေကြသည်။

      အိမ်​မွေးစစ်သည်​တော်များအားလုံးသည် ဤဟမ်းစတားကို မစားနိုင်သော်လည်း၊ အနည်းငယ်လောက်ကြည့်ခြင်းအားဖြင့် ၄တို့၏ဆန္ဒများကို အာသာပြေစေလိမ့်မည်ဟု တွေးနေကြ၏။

     သူတို့ရဲ့ အိမ်​မွေးစစ်သည်​တော်တွေ အကြောင်းသိနေကြတဲ့ စစ်သားတွေအားလုံးကတော့ သူတို့ ဒီအိမ်​မွေးစစ်သည်​တော်တွေကို ပြန်ဆွဲထားလို့ရနိုင်မလားလို့ အားလုံးက တွေးနေကြတော့သည်။ ဒါကြီးက ရှက်စရာကောင်းလွန်းလှ၏....

        " ... "

    ရှု​ရှောင်​ဟွေးရဲ့ လက်သည်းသေးသေးလေးတွေသည် တိတ်တဆိတ် ပြေလျော့သွားပြီး အိတ်ကပ်အောက်ခြေနားထိ ပြုတ်ကျသွားကာ သူ့ခေါင်းသေးသေးလေးကို အတွင်းပိုင်းတွင် ဖွက်ထားလိုက်တော့သည်။

        သူက မျက်လုံးနက်နက်လေးတွေနဲ့ ဒီအိတ်ကပ်ရဲ့ အဟ သေးသေးလေး ကြားထဲကနေ တိတ်တိတ်လေး စူးစမ်းကြည့်ရုံလေးပါနော် !

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Where stories live. Discover now