"ဟင့်အင်း ပင်ပန်းတယ် အပြင်မထွက်ချင်ဘူး"

မနက်စာကိုဘဲအာရုံစိုက်စားပြီး ပြန်ဖြေလိုက်တဲ့ ဂျောင်ဟန်စကားကြောင့် ရှုအာ ဘာဆက်ပြောရမလဲ အနည်းငယ်စဉ်းစားလိုက်ရ၏။ ဂျောင်ဟန်အနေနဲ့တော့ အပြင်မသွားချင်တော့တာအမှန်။ အပြင်သွားလည်း အလုပ်ကိစ္စဖုန်းဆက်ရင် သူတစ်ယောက်တည်းထိုင်နေရဦးမယ်မဟုတ်လား?

"အဲ့တာဆို ကိုယ်တို့ အိမ်မှာဘဲအေးဆေးစကားပြောကြတာပေါ့"

"အင်း"

"ရုပ်ရှင်ကြည့်ကြမလား"

"အွန်း"

အင်း အွန်းကလွဲပြီး သိပ်မဖြေဘဲ စိတ်ဆိုးနေတဲ့ဂျောင်ဟန်ကြောင့် ရှုအာကဘဲ စကားတွေအများကြီးတောက်လျှောက်ပြောနေရှာတယ်။ ရှုအာကိုယ်တိုင်ကလည်း မနေ့ကကိစ္စကြောင့်နဲ့ သူ့အပြစ်မကင်းဘူးလို့ ခံယူမိထားတာကြောင့်ကောပါမယ်ထင်တယ်။ ဂျောင်ဟန် စားသောက်ပြီးစီးသွားတော့ အပေါ်ထပ်ကို ရေမိုးချိုးမျက်နှာသစ်ဖို့ပြန်တတ်လာခဲ့လိုက်တယ်။ ဂျောင်ဟန်ရေချိုးနေရင်း ပြန်တွေးကြည့်တော့ ရှုအာကိုစိတ်မကောင်းဖြစ်သွားပြန်သည်။ သူများလွန်သွားပြီလား? မနက်ကတည်းက ရှုအာ တောက်လျှောက် စကားတွေအများကြီးပြောပြီး သူ့ကိုအလိုလိုက်နေတာတွေတွေးကြည့်မိတော့ ဂျောင်ဟန် ရှုအာ့အပေါ်စိတ်မကောင်းဖြစ်မိသွားတယ်။ ဟူး...ကိစ္စတွေကရိုးရှင်းနေပေမယ့် ဂျောင်ဟန်အတွက်တော့ ဘာကြောင့်ရယ်မသိ စိတ်လေးနေရပြန်သည်။

ဂျောင်ဟန် ဒီနေ့ဘယ်မှမသွားဘူးမလို့ ပေါ့ပေါ့းပါးပါး အိမ်နေရင်း အင်္ကျီခပ်ပွပွဝတ်ကာအောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။ ရှုအာနဲ့ရုပ်ရှင်တူတူကြည့်မယ်ပြောထားတာကြောင့်ရယ် ရှုအာ့အပေါ်လွန်သွားလားဆိုပြီးစိတ်မကောင်းဖြစ်တာကြောင့်ရောပါမည်။ မနေ့ညကစိတ်နဲ့ဆို ဒီနေ့လည်းရှုအာနဲ့စကားမပြောချင်ပါ။ အမြဲတမ်းမအားနေသည့်ရှုအာကို ဂျောင်ဟန် တကယ်စိတ်တိုပါ၏။သို့သော်လည်း ထားလိုက်ပါတော့လေ သူကဘဲ မအားတဲ့ရှုအာ့ကိုနားလည်ပေးသင့်ရင် နားလည်ပေးရမှာဘဲမဟုတ်လား

"Hani ဘာကားကြည့်ချင်လဲ"

"ရတယ် ဘာနေနေ"

"ANNABELLE COMES HOME ကြည့်မလား ခုတလောနာမည်ကြီးနေတာ"

Circles Where stories live. Discover now