The Lamp Story [Z]

295 8 0
                                    

တဖြူးဖြူးတိုက်ခတ်နေသောလေက ခန္ဓာကိုယ်အနှံ့အပြားအား တိုးဝှေ့နေသော ခံစားချက်၊ နားထဲ၌လဲ စဉ်ဆက်မပြတ်စီးဆင်းနေသော မြစ်၏ရေသံများကို ကြားနေရသည်။ မျက်လုံးတို့ကို မှိတ်ထားပေမယ့်လဲ လောကကြီးက သာယာနာပျော်ဖွယ်ကောင်းပြီး အေးချမ်းလှသည်။

မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့ မြင်နေရသောမြင်ကွင်းကြောင့် တစ်ချက်ယိုင်နဲ့သွားသဖြင့် ဆုပ်ကိုင်ထားသော သံတန်းကိုပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ ခိုင်မာပြတ်သားနေသော ဆုံးဖြတ်ချက်ကို ချထားပြီးဖြစ်၍ ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိသမျှအားအင်အလုံးစုံကို အသုံးပြုပြီးနောက် ထိုသံတန်းပေါ်သို့ တက်လိုက်သည်။ ခြေထောက်နှစ်ဖက်စလုံး သံတန်းအမြင့်ပေါ်ရောက်သွားတော့မှ လေထဲသို့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ အောက်ဘက်တွင်တော့ တည်ငြိမ်စွာစီးဆင်းနေသော မြစ်ပြင်ကျယ်။

သူဟာ လွတ်လပ်ပေါ့ပါးပြီး သွားလိုရာသွားနိုင်၍ ပျံသန်းချင်သလို ပျံသန်းနိုင်မည့် ငှက်တစ်ကောင်နှယ်။

ဤအခြေအနေအား သံပန်းပေါ်မတ်တပ်ရပ်နေရင်း ကျေနပ်နှစ်ခြိုက်စွာ ပြုံးလိုက်ပြီးနောက် ခန္ဓာကိုယ်ကိုရှေ့သို့ ကိုင်းညွှတ်ချလိုက်သည်။

ရင်ထဲမှာ အေးခနဲငြိမ့်ခနဲဖြစ်သွားပြီး လေထုထဲ ပျံသန်းသွားရသလို လွတ်လပ်ပေါ့ပါးနေသည့် ခန္ဓာကိုယ်။ မိနစ်ပိုင်းလောက်မျှသာ ကြာခဲ့ပေမယ့် သူ့အတွက်တော့ ဒီလိုအေးချမ်းသာယာလှသည့် အချိန်ခဏလေးဟာ အရမ်းကို အဖိုးထိုက်တန်လွန်းသည်လေ။ အမြဲတမ်းလှုပ်ရှားရုန်းကန်ခဲ့ရပြီး ထွက်ပေါက်မရှိခဲ့သည့် ဘဝတစ်လျှောက်လုံးမှာ ဒီလိုအေးချမ်းသည့် အချိန်လေးကိုပိုင်ဆိုင်ခွင့်ရရုံနဲ့တင် ကျေနပ်ပါပြီ။

ပြုံးယောင်စွန်းစွန်း နှုတ်ခမ်းဖျားများနှင့်အတူ မြစ်ပြင်ကျယ်ကြီးထဲသို့ ပြုတ်ကျသွားသော ခန္ဓာကိုယ်လေးနှင့် လှုပ်ခတ်သွားသောမြစ်ပြင်ကျယ်ဟာလဲ တဖြည်းဖြည်းပြန်လည်ငြိမ်သက်သွားလေတော့သည်။

~~~~~~~~~~~~~~

"နိုးလာပြီလား"

တိတ်ဆိတ်ငြိမ်သက်လှသော ပတ်ဝန်းကျင်နှင့် အေးဆေးကြည်လင်လှသော အသံတစ်ခုကြောင့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်ချိန်တွင်တော့ တလူလူလွင့်နေသော အဖြူရောင်လိုက်ကာစနှင့် မျက်နှာကျက်။

The Lamp Story [OneShort]حيث تعيش القصص. اكتشف الآن