ဖြတ်

ကြည့်နေရင်း ကြည့်နေရင်း ကျွန်တော် ဘယ်တုန်းကမှ အတိတ်တွေကိုမမေ့ခဲ့ ဘူး မာမီဆိုတဲ့ စကားကြီး နားထဲပြန်ကြားယောင်တော့ ဝီရဦးခေါင် ပါးကို နေနေ အရမ်းကြီးမနာအောင်တစ်ချက်လှမ်းလောက်ရိုက်လိုက်တယ် ။

" နေနေ "

" အတိတ်မမေ့ဘူးဆိုလည်း ယမင်းငုဝါနဲ့ ကိစ္စက ဘယ်လို ဖြစ်တာလဲ ပြောစမ်းပါ မကောင်းတဲ့ကောင်ရဲ့ ပြီးတော့ မင်း ငါနဲ့သာ ပြန်မတွေ့ရင် အဲ့ဒီမိန်းကလေးနဲ့ ယူတော့မဲ့သဘောရှိတာပေါ့ ဟုတ်တယ်မလား ဝီရဦးခေါင် "

နေနေကသာ စိတ်တိုတိုနဲ့ အော်လိုက်ပေမဲ့ ကိုယ်တော်ချောကတော့ အေးအေးလူလူပဲ ။
ဘာမှတောင်မဖြစ်သလိုဘဲ ခြေသလုံးကို Tissue နဲ့တောင် ဆက်ပြီး သုတ်ပေးနေလိုက်သေး ။

" ဝီရဦးခေါင် ငါမေးနေတယ်လေ "

" မောင့်ကို မယုံဘူးလား "

" မယုံဘူး "

" ယုံပါ နေနေရယ် မောင်မညာပါဘူး "

" ဘာကိုယုံရမှာလဲ ပြော "

" မောင် ယမင်းငုဝါတို့ သားအဖနဲ့က လုံးဝစီးပွားရေးသက်သက်ပဲ ကွာ ဒါပေမဲ့ မာမီ့ကို လည်း မျှော်လင့်ချက်တွေပေးပြီး အဆုံးကျ သူ့သားနှလုံးသားက ဘာကိုပဲ တောင့်တလဲဆိုတာကို သိစေချင်လို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ မောင်လက်ခံခဲ့တာ "

" ဒါဖြင့် "

" အရူးလေးရယ် မောင်က ဒီကို တမင်ပြန်လာခဲ့တာလေ ငါးနှစ်ပြည့်ပြီမို့လေ ။ နေနေတော့ မသိပေမဲ့ မောင်ဟိုမှာ ယမင်းငုဝါအပြင် မေမေစီစဥ်ပေးတဲ့ အီတလီသူတွေအများကြီးနဲ့ တွေ့ခဲ့ရသေးတာ ။ အဲ့ထဲကမှ နောက်ဆုံး မောင် ယမင်းငုဝါတို့သားအဖကို စသိခဲ့တာ ကိုယ့်မြန်မာအချင်းချင်းမို့လည်း အဆင်ပြေမယ်ထင်ပြီး ခေါင်းငြိမ့်ခဲ့တာပါ "

" မင်း မာမီနဲ့ ယမင်းငုဝါ မင်းကို တိုက်နေတဲ့ဆေးတွေက အမေရိကန်ဘက်မှာ တရားဝင် တားမြစ်ချက်ထုတ်ထားခံရတဲ့ ဆေးဗူးတွေဆိုတာသိလား "

" အင်း မောင် သိတယ် "

" သိရက်သားနဲ့ မင်း အရူးလား "

You've reached the end of published parts.

⏰ Last updated: Apr 08 ⏰

Add this story to your Library to get notified about new parts!

CEO's Possessively Boyfriend Where stories live. Discover now