Chapter 31

48.1K 2.4K 563
                                    

Unicode

ပွဲမှာ ဖြစ်ပျက်နေတာတွေကို CCTV ကနေ တစ်
ဆင့်မြင်နေရတာမို့ ဝီရဦးခေါင်မှာ စီးကရက်ဖွာရင်း ပြုံးမိတာ ဘယ်နှစ်ကြိမ်လောက်ရှိပြီမှန်းမသိတော့ ။

နေဥတ္တရာ နှုတ်ခမ်းတထော်ထော်နဲ့ မာမီနဲ့ ယမင်းငုဝါကို ရန်လုပ်နေတဲ့ပုံလေးက အတော်ကို ချစ်ဖို့ကောင်းသား ။ လက်ညိုးတထိုးထိုးနဲ့ သူကချည်းပြောနေ၍ ဟိုဘက်ကနှစ်ယောက်က အံတွေကြိတ်နေတာကိုလည်း ဂရုမစိုက် သူပြောချင်ရာတွေစွတ်ပြောနေပြန်သည် ။ နေနေက တစ်ကယ့်ကို အစွာလေးမှအစွာလေး ။

နောက်ပြီး နေနေ သူနဲ့စကားပြောတိုင်း ပြောပြောနေတဲ့ စုန်းမအိုကြီး ဆိုတာ မာမီ့ကိုပြောမှန်း ဝီရဦးခေါင် အခုမှသိတယ် ဟဟ ။

ကြည့်နေရင်းနဲ့ ဖိတ်စာတွေကိုမီးရှို့လိုက်တဲ့ နေနေ့ကြောင့် ယမင်းငုဝါဆိုတဲ့ကလေးမ မေ့လဲကျသွားတာမို့ ပိုပြီး ရုတ်ရုတ်သဲသဲဖြစ်လာကာ အကုန်လုံး က ပြာကုန်ကြသည် ။

ပြီးတော့ နေနေ့ကို အမဲဖျက်ချင်သလိုကြည့်ကြတဲ့ မျက်လုံးတွေကိုပါ ဝီရဦးခေါင် မြင်လိုက်ရ၍ မဖြစ်တော့ သူပွဲထဲ တစ်ခါပြန်သွားရပေဦးမည် ။ ကျစ်! နေနေ့နောက်ကို သူတစ်ခါထဲလိုက်သွားတော့မလို့ပါဆို ။

ပြင်ပြီးသား luggage ကို ကုတင်ပေါ်မှာ ထားခဲ့ပြီး ယူဖို့ မတွေးမိတော့ ။ နေဥတ္တရာ က အဝတ်အစားလောက်တော့ မငြိုငြင်ဘဲ ယောကျ်ားဖြစ်သူ ကိုဝယ်ပေးလောက်မှာပါ ။

id card နဲ့ အလုပ်အတွက် လိုအပ်တဲ့ card တွေကို အင်္ကျီ အိတ်ကပ်ထဲ ထည့်ပြီး ဖိုင်တစ်ချို့ကိုတော့ လက်ကကိုင်ကာ ဝီရဦးခေါင် ပြန်ထွက်လာခဲ့လိုက်သည် ။

ရင်ထဲလည်း တလှပ်လှပ်ခုန်နေပြီး လက်ဖျားတွေလည်း အေးစက်နေတာများ မသိရင် မိဘတွေမသိအောင် ချစ်သူ ကောင်လေးနဲ့သွားတွေ့ရသလို ခံစားချက်မျိုး ။

အဲ့လို ပျော်ရွှင်နေတဲ့ စိတ်ခံစားချက် လေးကို ရိုက်ချိုးပစ်လိုက်တာက နေဥတ္တရာ လည်ပင်းတွေကိုညှစ်ထားတဲ့ အန်ကယ်လင်းထင်ရဲ့လက်အစုံပင်ဖြစ်သည် ။

ယမင်းငုဝါပြောတော့ စနေနေ့လောက်မှ အန်ကယ်က လိုက်လာမှာဆို ။ ဒါက တမင်သက်သက် သူ့ကို ဆင်ဆင်ခြင်ခြင်နေပြီး အသိတရားရတော့ဆိုတဲ့ သဘောမျိုးပဲ မဟုတ်လား ။

CEO's Possessively Boyfriend Where stories live. Discover now