Chapter 20

43.9K 2.6K 559
                                    

Unicode

" ဘာလို့ ကြာနေတာလဲ ငါက အိမ်ပြန်ချင်နေပြီ "

အိမ်ထဲက ထွက်လာလာချင်း လက်ကိုအပြေးလေးလာချိတ်သည့် လူကြောင့် ဝီရဦးခေါင် ၏ နှုတ်ခမ်းထောင့်စွန်းလေးနှစ်ဖက်က ကွေးတက်သွားရသည် ။

" အင်း အခုပဲ အိမ်ပြန်ကြရအောင်နော် "

" ကောင်းတယ် ကောင်းတယ် "

ကလေးတွေလို ခုန်ဆွခုန်ဆွလုပ်ကာ လက်ခုပ်
ထတီးတဲ့ နေနေ့ကို ကြည့်ပြီး သူ့မှာပြောစရာစကားတောင် မရှိတော့ ။

အိမ်ပြန်ကြရအောင်လို့ ပြောတာ ဒီလောက်ထိ ပျော်စရာ ကောင်းလို့လား ။

" လမ်းကိုကောင်းကောင်းလျှောက်စမ်း နေဥတ္တရာ "

လမ်းလည်း ကောင်းကောင်းမလျှောက် ဘယ်ယမ်းလိုက်ညာယမ်းလိုက်နဲ့ လျှောက်နေတာက မြေနီလမ်းသွယ်လေးမို့ သူတစ်ချက်ယမ်းတိုင်း မြေနီမှုန့်တွေက အနောက်ကနေ လျှောက်နေသည့် ဝီရဦးခေါင် မျက်နှာပေါ် အတောင့်လိုက် ။

" နောက်ပြန်မလျှောက် "

ဒုန်း

" ကျစ်! အခုလေးတင် ပြောနေတာကို "

သူ့ဟာသူ လမ်းဘေးချ ရပ်ထားတဲ့ ကားကိုမှ နေဥတ္တရာတို့က ဝင်တိုက်လိုက်ပြန်သည် ။

နာသွားလား မနာသွားလားမေးကြည့်စရာကိုမလို မျက်နှာကြည့်တာနဲ့ ရှုံ့မဲ့နေတာပဲ ။

ဝီရဦးခေါင်လည်း တမင်ရွဲ့ပြီးကို မထူပေးဘဲရပ်ကြည့်နေလိုက််တယ် ။

" ကိုကြီးကို ထူပေးဦးလေ ဖိုးခေါင် လေး "

" ခင်ဗျား စကားကို ကောင်းကောင်းပြော အခုလည်းလမ်းကောင်းကောင်းမလျှောက်လို့ ဖြစ်တာသိတယ်နော် "

" ဝီရဦးခေါင် ကိုကြီးကို ထူပေးစမ်း "

" နေဥတ္တရာ ! "

တစ်ကိုထဲ ကြီးနေသော ကိုကြီးကို ပိတ်အော်ပစ်လိုက်မှ သူ့ဟာသူ ကုန်းထလာသည် ။ ဒါပေမဲ့ တစ်ကယ်နာသွားတာလား မသိ ထတာ ထလို့ မရ ။

" ငါ့ကို မြန်မြန်ထူပေးတော့ ဝီရဦးခေါင် ရဲ့ နာလို့ သေတော့မယ်ကွ "

CEO's Possessively Boyfriend Hikayelerin yaşadığı yer. Şimdi keşfedin