" မောင် မင်္ဂလာ ပွဲကို ဖျက်လိုက်တော့မယ် "
ပါးစပ်ကသာ လွယ်လွယ်ကူကူပြောလိုက်ပေမဲ့ ထင်သလောက်မလွယ်မှန်း ဝီရဦးခေါင်ရဲ့ တွန့်ချိုးနေတဲ့ မျက်မှောင်တွေက သက်သေတည်နေတာမို့ နေနေလည်း ဖိအားမပေးချင်ပါ ။
" မင်းသဘော "
" မောင့်သဘော ဖြစ်ရမှာလေ နေနေရာ မမိုက်ဘူးနော် "
" မင်း ပြန်သတိရလာပြီလား "
" နည်းနည်းပါးပါး လောက်ပါ အစောကြီးထဲက မမေ့သွားတာမျိုးလား တော့ မသိဘူး "
" မကောင်းတဲ့ကောင်ပဲ "
ဟုတ်တယ်လေ နည်းနည်းပါးပါး မှတ်မိလည်း မှတ်မိကြောင်း ပြောပြရမှာကို ။
" အတည်ပြောနေတာ နေနေ ။ ချစ်တယ်ဆိုတဲ့ စကားကိုလည်း မောင်စိတ်ရင်းအမှန်နဲ့ ပြောနေတာ ကျိန်ဆိုကျိန်ရဲတယ် "
" ပေါက်ကရတွေ ကျိန်တာက လိမ်တာနဲ့ အတူတူပဲ "
" မောင့်ကို မလှောင်စမ်းနဲ့ နေနေ "
နေနေ့ဘာသာ ကိုယ့်ဟာကိုယ် သဘောကျလို့ ရယ်လည်းမရ ။ သူ့ကိုလှောင်တယ်ဖြစ်သွားရော ။
ဘေးက ကောင်က ဘာမှမသောက်ထားဘဲနဲ့ကို တမင်သက်သက်လာရစ်နေတာပဲ ။
" နေနေ မရယ်နဲ့ကွာ "
" လွန်ခဲ့တဲ့ ငါးနှစ်က မင်းအပြင်ခဏဆိုပြီး ထွက်သွားတာ အဲ့ဒါ ဘယ်ကိုလဲ ပြီးတော့ ဘယ်သူနဲ့ တွေ့ခဲ့တာလဲ ငါ့ကို မှန်မှန်ပြော ဝီရဦးခေါင် "
" ခင်ဗျား အတွက် လက်ဆောင် သွားဝယ်တာလေ "
လက်ဆောင်ဆိုမှ ဘီးကုပ်နဲ့ ဘီးလေးကို အိတ်ထဲကနေအမြန်ထုတ်ပြီး ဝီရဦးခေါင် လက်ထဲထိုးပေးလိုက်သည် ။သွားလေရာနေရာတိုင်းကို နေနေကဒီပစ္စည်းလေးနှစ်ခုတော့အမြဲပါအောင်ယူလာလေ့ရှိတယ် ။
" အခုထိ သိမ်းထားတုန်းလား နေနေ "
" နှစ်ခုလုံးက ပန်းရောင်ချည်းပဲ "
" မောင် ကြိုက်တဲ့အရောင်လေ "
" အင်းလေ မင်းကြိုက်တာ မင်းရွေးဝယ်လာတာ "
" နေနေနဲ့လည်း လိုက်တဲ့အရောင်မို့ပါ "
" လူလိမ် "
Chapter 30
Start from the beginning