နှိုင်းယှဉ်ခံရတာကို လူတွေက အကြောက်ဆုံးဖြစ်သည်။

ယွီမောက်ချီရဲ့ မျက်နှာထက်က နူးညံ့သည့်အပြုံးလေး ကွယ်ပျောက်တော့မလိုဖြစ်နေကာ လက်သီးကို တင်းတင်းဆုပ်ပြီး တည်ငြိမ်စွာပြောလေသည်။

"ရုပ်မတူတဲ့ အမြွှာတွေ အများကြီးရှိတာပဲ မထူးဆန်းပါဘူး၊ အစ်မက အမေနဲ့တူပေမယ့် ညီမလေးက ဘယ်သူနဲ့တူမှန်းကို မသိဘူးနော်"

ဘယ်သူနဲ့တူရမှာလဲ။ နင်က မျိုးမစစ်လေ။

ယွီရှန်းက ပိုပြီး ချိုမြိန်စွာပြုံးလျက် ကြားဖြတ်ပြောလေသည်။

"ဘယ်သူနဲ့ တူရမှာလဲ၊ အစ်ကိုကြီးနဲ့ တူတာပေါ့၊ သူနဲ့တစ်ဝက်လောက် ဆင်တယ်မလား"

သူ(မ)က စကားပြောပြီးနောက်ယွီရှန်းက လှည့်ပြလာခဲ့သည်။

အနီးကပ်ကြည့်မှ ယွီရှန်းက ယွီဖင်ယန်နှင့် တကယ်ဆင်နေတာ တွေ့တော့ ယွီမောက်ချီ လန့်သွားခဲ့သည်။ အထူးသဖြင့် အထက်စီးဆန်တာက ပိုတူသည်။ အသက်၁၀နှစ် မပြည့်ခင်အထိ ဘယ်သူမှ သူ(မ)ရဲ့ မျိုးရိုးကို သံသယ မဝင်တာလည်း မဆန်းတော့ပေ။ လင်နန်နှင့် မြို့တော်က လမ်းခရီးခက်ခဲကြမ်းတမ်းပြီး ဝေးကွာလွန်းကာ ယွီမိသားစုနှင့် အဆက်အသွယ် မရှိပေ။ သူ(မ)က ဘယ်လိုလုပ် ယွီဖင်ယန်နှင့် ဆင်တူနေရတာလဲ။ ဒီလောက်တိုက်ဆိုင်အောင် ဘယ်လိုတောင် ကံကောင်းတာလဲ။

ယွီမောက်ချီက အသက်ရှူသံတွေ ပိုလေးလာကာ လင်ရှီနှင့် ရုပ်တူခြင်းကို မကျေမနပ် ဖြစ်ခဲ့သည်။

သူ(မ) မပျော်တော့ ယွီရှန်းက ရွှင်ပျနေသည်။ သူ(မ)က ရတနာသေတ္တာကို ဖွင့်ကာ မွှေနှောက်ရှာကာ ပိုးသားကဲ့သို့ နူးညံ့သည့် ပန်းလေးယူကာ ဆံပင်ရဲ့ဘေးကို ပန်လိုက်သည်။ ခဏနေပြီးနောက် အလှပြင်စားပွဲထက်မှာ ရတနာမျိုးစုံပြန့်ကျဲနေပြီး နေရောင်အောက်မှာ လက်ထနေပုံက လူတွေရဲ့အမြင်ကို ဝေဝါးသွာစေသည်။

ထိုလက်ထနေမှုက ယွီမောက်ချီရဲ့ အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။

ယွီရှန်းက ကျောက်စိမ်းဆံထိုးလေးကို ကစားရင်း သူ(မ)ကို သာမာန်ကာလျှံကာ အချက်ပြပြီး ပြောလေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now